Tuesday, January 19, 2016

သြဇာပင်(Sweet Sop)စိုက်နည်း


သဘာဝအခြေအနေ
              “မင်း…လူတွေအပေါ်သြဇာညောင်းချင်ရင် အိမ်ရဲ့(…..)အရပ်မှာ သြဇာပင်စိုက်ပါ” ယတြာ
ဆရာကဒီလို။ “သြဇာရှိချင်ရင် သြဇာကိုင်းလက်တစ်ဆစ်ဖြတ်ပြီးကိုယ်နဲ့မကွာဆောင်ထား”သူငယ်ချင်း
များကတစ်ဖုံ။ရူးလိုက်ကြတာ။ တော်ပြီ သြဇာပင်ဘဲစီးပွားဖြစ်အောင်စိုက်တော့မယ်။ စီးပွားဖြစ်မှ သြဇာ
အမှန်ရှိသကိုး။ သြဇာပင်ကိုမြေအမျိုးအစားမရွေးစိုက်နိုင်သည်။ ရေပြတ်သည့်ဒဏ်ကိုခံနိုင်သော်လည်း
ရေ၀ပ်သည်ကိုမကြိုက်။ အအေးဒဏ်ကိုလည်းမကြိုက်။ ပူနွေးတဲ့ရာသီဥတုကိုတော့ နှစ်ခြိုက်သည်။ မိုး
ရေချိန်နည်းသောအရပ်ဒေသတို့တွင် စီးပွားဖြစ်စိုက်နိုင်ကြသော်လည်း(၈၀”)နှင့်အထက်ရွာသောဒေသ
များတွင် စီးပွားဖြစ်မစိုက်သင့်ပါ။
ပျိုးထောင်ခြင်း
              အများအားဖြင့် အစေ့မှ ပျိုးထောင်ကြသည် ။  ပျိုးခင်းတွင် တစ်နှစ်သားအထိ ထားရသဖြင့်
                (၅x၆)အရွယ်ပလပ်စတစ်အိတ်ဖြင့် ပျိုးထောင်သင့်သည်။ အစေ့စိုက်ပင်သည်(၆)နှစ်သားကျမှ အသီးစ
တင်သီးပြီး (၁၅)နှစ်သားမှစပြီး အသီးလျော့လာမည်။ ကိုင်းဖြတ်ပျိုးထောင်ပါက ပျိုးခင်းတွင် (၃-၄) လ
ထားပြီး မိုးဦးကျချင်း စိုက်ခင်းထဲရွှေ့စိုက်ပါ။ ကိုင်းဖြတ်ပင်သည် (၃-၄)နှစ်သားတွင် စသီးနိုင်သည်။
စိုက်ပျိုးပြုစုခြင်း
               စိုက်ကျင်းကို(၈’)စီခွာပြီး တြိဂံစိုက်စနစ်ပုံစံ(ပုံစံကို ဒီမွာ ပြန်ကြည့်နိုင်သည်)ဖြင့်(၃’x၃’x၃’)
တူးပါ။ မြေဆွေးထည့်ပြီးစိုက်ပါ။ ယူရီးယား (ပုလဲ)ဓါတ်မြေသြဇာ များများမသုံးသင့်ပါ။  စိုက်ပင်တစ်နှစ်
သားအရွယ် မိုးဦးကျတွင် တစ်ဧကစိုက်ခင်းအတွက် ယူရီးယား(၁၅)ပိသာ၊တီဆူပါ(၃၀)ပိသာ၊ပိုတက်ရှ်
(၃၀)ပိသာတို့ကိုရောစပ်ပြီး အပင်ခြေမှ(၂’)အကွာပတ်ပတ်လည်တွင် မြောင်းကလေးယက်ပြီးထည့်ပါ။
၄င်းနူန်းထားအတိုင်း နှစ်စဉ်(၆”)ပိုပိုခွာထုတ်ကာထည့်ပါ။ ရေရွဲရွဲလောင်းပေးပါ။ နွေရာသီတွင်အပွင့်ပွင့်
လေ့ရှိသဖြင့် အပင်ရင်းတွင် ရေစိုကောက်ရိုးများဖြင့် ဖုံးပေးသင့်သည်။ ထူးခြားမှုတစ်ခုမှာ မြေသြဇာလုံ
လောက်အောင်မကျွေးသောအပင်သည် အသီးထွက်နှုန်းညံ့သော်လည်း ဓါတ်မြေသြဇာထည့်သော အ
ပင်မှအသီးထက် အရသာပိုရှိသည်။ ပေါင်းရှင်းခြင်း၊ကိုင်းသိမ်များရှင်းခြင်းတို့ပုံမှန်လုပ်ပေးပါ။အစေ့စိုက်
ပင်များအတွက်ရေလောင်းရန် အလွန်မလိုအပ်သော်လည်း ကိုင်းဖြတ်ပင်တို့အတွက်နွေရာသီတွင် မြေ
အစိုဓါတ်ကြည့်ပြီး အခါအားလျှော်စွာ လောင်းပေးရန်လိုသည်။ ဒက်ပိုး၊ ဒက်ပိုးဖြူတို့ ပင်စည်နှင့် အသီး
တို့တွင်ကျရောက်နိုင်သဖြင့် ကာကွယ်နှိမ်နင်းပါ။

No comments:

Post a Comment