Friday, January 1, 2016

လေဖြတ်မှာကို သပွတ်ခါးသီးနဲ့ကာကွယ်စို့



     သပွတ်ခါးသီးကို ညီငယ်ညီမငယ်တို့တွေ့ဘူးကြဖို့ လွယ်မယ်မထင်ဘူး။ တောနယ်တွေမှာ
အလေ့ကျပေါက်တဲ့အပင်ပါ။ အပင်၊ အသီး၊အပွင့်တွေဟာ ဟင်းချိုချက်တဲ့အယဉ်သီးနဲ့ချွတ်စွပ်
ဘဲ။ အသီးကိုချိုးဖဲ့ပြီး အတွင်းသားကိုလျှာနဲ့တို့ကြည့်မှသာ အခါးသီး၊အချိုသီးခွဲနိုင်တာကလား။
မှတ်မိနေသေးတယ် တခါကပိန္နဲပင်ပေါ် သပွတ်ပင်တခြုံ တင်သီးခိုင်းလိုက်တယ် ။ အသီးထွက်
လို့  ဟင်းချက်လိုက်တော့ အာပါးပါး  ခါးလိုက်တာမှ ဆွေမျိုးစာရင်းတောင် ပြန်လုပ်ယူရတယ်။
စိုက်နေကျသပွတ်ချို ဘယ့်နှယ်ဖြစ်ပါလိမ့်လို့ အဖြေရှာလိုက်တော့ တွေ့ပါပြီ။ ခြံရဲ့အရှေ့ဘက်
အရပ်  တောတန်းအစပ်က ခြံစည်းရိုးမှာ အလေ့ကျတွယ်နေတဲ့ သပွတ်ခါးပင်တွေ။  အပွင့်ဝါ၀ါ
က ၀တ်မှုန်တွေ အရှေ့လေစီးကြွချီလာပြီး သပွတ်ချိုကို ၀တ်မှုန် ကူးပေးလိုက်တာကိုး။  ရုပ်ရှင်
သရုပ်ဆောင်  ၀တ်မှုန်ရွှေရည် ဆိုတဲ့ကောင်မလေးတော့ ဘယ်လောက် စွမ်းတယ်မသိဘူး ။ ခြံ
စည်းရိုးက သပွတ်ခါးဝတ်မှုန်ရဲ့ စွမ်းချက်ကတော့အံ့မခန်းပါဘဲဗျာ။ ဒါနဲ့ဘဲ ခြံစည်းရိုးက သပွတ်
ခါးတွေကိုရှင်း၊  ပိန္နဲပင်ပေါ်တင်ထားတဲ့ အချိုပျက်သပွတ်ပင်ကို  ပြန်ရှင်းထုတ်၊ အသစ်ပြန်စိုက်
လိုက်မှဘဲ  သပွတ်ခါးဇတ်လမ်း တခန်းရပ်သွားတော့တာ ။  အဲဒီလိုသပွတ်ခါးပင်တွေကို အငြိုး
ကြီးကြီးနဲ့ လိုက်ရှင်းကြလို့လားမသိ ခုဆိုရင် ကိုယ်တို့ တောအရပ်မှာတောင် သပွတ်ခါးပင်တွေ
အတော်ရှားသွားပြီဗျာ…။
       အင်း…..ကိုယ်တို့သာ သူ့ကို အငြိုးနဲ့ရှင်းပစ်နေတာ။  သူကတော့ ကိုယ်တို့လူသားတွေကို
ကောင်းကောင်းကြီး အကျိုးပြုနိုင်တယ်ဆိုတာကို နောင်မှသိလာရတယ်ဗျာ ။သပွတ်ခါးသီးအစို
မနုမရင့် ( ၅) လုံးခူး၊ သင့်တော်မယ့် မြေအင်တုံ (ခြေဖ၀ါးနှစ်ဖက်ဝင်ဆန့်နိုင်ရမည်) ထဲထည့်ပြီး
ခြေစုံ နင်းပေးပါ ။ အနဲဆုံး (၁) နာရီကြာအောင် နင်းပေးရပါမယ်။ သပွတ်ခါးနံ့ပြင်းပြင်း တွေမွှန်
လာပြီး တကိုယ်လုံး ချွေးတွေ ထွက်လာမယ်။  အညောင်းညာ အကိုက်အခဲ တွေလည်း တဖြေး
ဖြေး ပြေလာပါမယ်။ အကြောတွေရဲ့ စုရပ်ဖြစ်တဲ့ ခြေဖ၀ါးအောက်က အကြောတွေ ပျော့ပျောင်း
လာပါမယ် ။ နင်းနေတဲ့အချိန်မှာ လေခဏခဏ လည်တတ်တယ်နော် ။ ရှက်တတ်ရင် အိပ်ခန်း
ထဲမှာ နင်းနော်။ ဒီပုံစံအတိုင်း တနေ့တကြိမ်နဲ့ (၇) ရက်ဆက်တိုက်နင်းပေးရင် လေဖြတ်ခြင်းကို
ကာကွယ်နိုင်ပါတယ်လို့ ပညာရှင်တို့ကဆိုထားကြောင်းပါ။
       ညီငယ်၊ ညီမငယ်တို့ရေ ငါတို့က ငယ်ပါသေးတယ်။ သက်ကြီးပိုင်းတွေသာ လေဖြတ်တာ
ပါလို့ ယူဆထားရင် မှားမယ်နော်။ ဒီခေတ်ကြီးထဲမှာ (၁၂) နှစ်သား လေဖြတ်ဝေဒနာသည်တစ်
ဦးကို ကိုယ်တွေ့ဖူးခဲ့ပြီနော် ။  ညီ၊ ညီမတို့  စားသောက်နေရတဲ့  အစားအသောက်တွေရဲ့ ထုတ်
လုပ်မှုစနစ်တွေမှာ ပြန်ကြည့်ရင် ကင်ဆာနဲ့လေဖြတ်မှာကိုအားပေးတဲ့ပစ္စည်းတွေကို ဘုံးပေါလ
                   အော ထည့်သုံးပေးထားကြလေရဲ့။ သတိနဲ့စား…..သတိနဲ့စား။
( မှတ်ချက်။       ။ဒီ Post ပါ သပွတ်ခါးသီးဟာ အောက်ပြည်အောက်ရွာက သပွတ်ခါးသီးကို
ညွှန်းဆိုတာဖြစ်ပါတယ်။ အထက်ပိုင်းဒေသတွေမှာ အလုံးသေးသေး၊ အမွှေးအနည်းငယ်ပါတဲ့
သပွတ်ခါးတမျိုးရှိသေးတယ်။ သူ့ကိုသုံးမယ်ဆိုရင်တော့ အလုံးသေးတဲ့အတွက် (၂၀-၂၅)လုံး
လောက် ထည့်သုံးရပါလိမ့်မယ် )
                                               (နဂါးနိုင်)

No comments:

Post a Comment