Monday, January 4, 2016

ခွေးနှစ်ကောင် (ကဗျာ)


   ခွေးနှစ်ကောင် 

♣   ရှေ့အိမ်ကခွေးလေး
     အမွေးစုတ်ဖွား
     ငါ့အားမြင်လျှင်
     မခင်ချင်ဟန်
     ဟောင်သံလေးပေး
    မန်ဖီသေးတယ် ။
♣   ခွေးချစ်ချင်တဲ့ငါ
     ကြံသကာရှာဝယ်
     ကျွေးတယ်ခဏ
     အမြီးလှုပ်ပြတာ
     ပီတိငါ့မှာဖြစ်ရတယ် ။
♣   နောက်တစ်နေ့မှာ
     လက်ဗလာနဲ့ သူရှေ့ရောက်
     သောက်ဂရုမစိုက်
     ဟောင်လိုက်တာများ
     စားထားတဲ့ ငါ့ကြံသကာ
     သူမို့အားမနာ ။
                             (နဂါးနိုင်)

No comments:

Post a Comment