Friday, January 1, 2016

အချစ်ရှေ့နေ(သို့)ငြိမ်းချမ်းရေးအကျိုးဆောင် (ကဗျာ)

 

    အချစ်ရှေ့နေ(သို့)ငြိမ်းချမ်းရေးအကျိုးဆောင်

♣    ကုသရဲ့ပပဟာ
     ခုနှစ်ဆောင်ဘုံလွာမှာ
     မီးထွန်းစရာမလို
     လှအားပိုသတင်း
     သင်းလွန်းလှ ။
♣  ပပကိုလိုချင်လို့အငြင်းပွား
     ၀ိုင်းထား
     ခုနှစ်ပြည်ထောင်မင်းအား
     ခုနှစ်ပိုင်းထားပြီး
     ခုနှစ်တိုင်းဝေမလေ
     ကောင်းလိုက်တဲ့ဥာဏ်ကြီးရှင်တွေ ။
♣  ခေါင်းမရှိဘဲနဲ့
     မင်းဖြစ်ခဲ့ဟာတွေ
     သဟာဆွေဖြစ်ဖို့အရေး
     ပပလေးကိုပိုင်းရက်သလား ။
♣   အတွေးခေါင်ကျဉ်း
     ခုနှစ်ပြည်မင်းတွေဗျာ့
     ပပလက်တဖက်ရလာ
     ဘယ်မှာသုံးမတုန်း
     ပခုံးတခုခွဲလာ
     ဘယ်မှာထားမတုန်း
     ခြေသလုံးပိုင်းရ
     ရွှေချထားမလား
     ကျောသားရင်သား
     ချက်စားရတာမှတ်လို့ ။
♣   ဒီတော့
     သူပိုင်ကိုယ်ထိုက်
     ပြိုင်မိုက်မနေကြနဲ့
     သုံးစားမရတဲ့
     အစိတ်အပိုင်းကိုဘဲ
     လက်ထဲတကွဲတပြား
     ထားကြမယ့်အစား
     အိုးစားမကွဲရှိမြဲနဂိုတိုင်း
     ပပနှင်းဆီရိုင်းလေးကို
     ကုသဆိုတဲ့ဘုရားလောင်းလက်
     အမြန်ဆက်လိုက်ကြတော့ ။
                                           (နဂါးနိုင်)






No comments:

Post a Comment