Monday, January 4, 2016

ဆေးဘဲဥလုပ်တတ်သလားညီမငယ်

       ဆေးဘဲဥကို လူတိုင်းမကြိုက်ကြပါဘူး ။ ညီမတို့ရော မကြိုက်ကြတဲ့အထဲမှာ ပါလားဟင်။
သူ့ရဲ့ အာနိသင်ကို သိသွားရင် ကြိုက်လောက်မယ် ထင်ပါတယ် ။ သူ့အာနိသင်အများကြီးကို မ
ပြောတော့ဘူးနော် ။ အဓိကအကျဆုံး တစ်ခုကိုဘဲ  ပြောရမယ်ဆိုရင် ဒဏ်ကြေပါသတဲ့ ။  ဘာ
ဒဏ်တွေလို့ ပြောပြန်ရင်လည်းဆေးဘဲဥကျမ်းကြီးတစ်စောင် ဖြစ်သွားမှာကြောက်လို့ တစ်ခုဘဲ
ပြောမယ်နော်။အဲ့ဒါကတော့ ညီမငယ်တို့တွေ(၁)လတစ်ကြိမ် ခံစားရတဲ့ ဒုက္ခဒဏ်ကို သူက ဖြေ
ပေးပါသတဲ့။ ၀ီစကီလေးတမြမြ၊ဘီယာခွက်ကြီးတဆဆနဲ့ ညီငယ်တွေအတွက်လဲ သူရာရဲ့ဒဏ်
ကိုချေပေးပြန်သတဲ့လေ။ ကဲ.... ဆေးဘဲဥသုပ် စားချင်စိတ်ပေါ်လာပြီ မဟုတ်လား။
      ကဲ ညီမငယ် ......... ဘဲဥတွေကို ရေစင်စင်ဆေးလိုက်ဘို့ လိုတယ်နော်။ ပြီးတော့ အ၀တ်
သန့်သန့်နဲ့ ရေခြောက်အောင် သုတ်လိုက်ပါအုံး ။ ပြီးရင် ဘဲဥပေါ်မှာ မံ(အုံ)မယ့်ပစ္စည်း လုပ်ကြ
ရအောင်။ မီးဖိုပြာ ( မြို့ကြီးက လျှပ်စစ်အိုး ၊ Gas အိုးတွေနဲ့ချက်တဲ့ မီးဖိုတွေဆီကတော့ ပြာမရ
လောက်ပါဘူးနော်။ စိတ်မပျက်ပါနဲ့...သတင်းစာဟောင်း၊ ဂျာနယ်ဟောင်း၊ စာရွက်ဟောင်းတွေ
ကို သံပုံးတစ်ခုထဲထည့်ပြီး မီးရှို့ရင်လဲ လိုအပ်တဲ့ပြာကို ရပါသဗျား) နို့ဆီဗူး (၁)ဗူး၊ မဖောက်ထုံး
(၁)ဗူး၊ စပါးခွံဖွဲ လက်တစ်ဆုပ်စာတို့ကို ဇလုံတစ်ခုထဲထည့်ပြီး သမအောင်မွှေထားနော်။
     အဲ့ဒီအထဲ လက်ဖက်ခြောက်အသားများများကို  ရေနည်းနည်းထည့်ပြီး ကျအောင် နှပ်ထား
တဲ့အကျရည်ကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး စေးပိုင်ပိုင်ပြစ်ပစ်ခဲတဲ့ အနေအထားရအောင်
နယ်ပေးနော်။ အဲ့ဒါကို ဘဲဥတွေရဲ့အပေါ်မှာ အထူအပါးညီညီ မံ(အုံ)ပေးပြီး စဉ့်အင်တုံတစ်ခုထဲ
မှာ ထောင်ရက်ကလေးနဲ့ အစီအရီထည့်နော်။ ရက်(၄၀) တော့စောင့်ရမယ်နော်။ အဲ့ဒီဆေးဘဲဥ
ကို ကြက်သွန်နီ၊ နှမ်းလှော်၊ မြေပဲဆီသန့်သန့်လေး၊ ဆား၊ အချိုမှုန့်(အားမပေးပါ)ထည့်ပြီး  သုပ်
စားပေတော့။
     အော်မေ့လို့မေ့လို့ ပြာတွေထုံးတွေကိုနယ်တာတို့၊ ဘဲဥကိုမံ(အုံ)တာတို့လုပ်ရင် လက်အိတ်
စွပ်ပြီးလုပ်နော်၊တော်ကြာ မဖောက်ထုံးက ညီမငယ်လက်ကိုစားသွားလို့လက်လောင်သွားမှဖြင့်
လက်ကိုင်ဖုံးမျက်နှာပြင် မပွတ်နိုင်လို့  Facebook  မသုံးရဘဲ ဖြစ်နေအုံးမယ်..... သတိ..သတိ။
အော် ...အော်.... တစ်ခုကျန်သွားသေးတယ်။ အကာခွာလိုက်ရင် အရစ်ရစ်ဆန်းကလေးတွေနဲ့
အမြင်လှတဲ့ ဆေးဘဲဥလေးတွေ တွေ့ဘူးမှာပါနော်။အဲ့ဒီလို အရစ်လှလှလေးတွေဖြစ်ဖို့ကျတော့
ရိုးရိုးမီးဖိုပြာသုံးမယ့်အစား ၀ါးရွက်ပြာကိုသုံးရသတဲ့လေ။

No comments:

Post a Comment