Monday, January 4, 2016

ထင်းတစ်ချောင်းမီးဖို


       ညီငယ် ညီမငယ်တို့ရေ...... တို့တွေအသက်ရှင်နေထိုင်ဘို့ အစာအဟာရ မှီဝဲကြရတယ်နော်။
တို့နိုင်ငံက ဆန်ကချက်တဲ့ထမင်းကို အဓိကထား စားသုံးကြတယ်။ စားချင်စဖွယ် စုံစုံလင်လင် ဖွယ်
ဖွယ်ရာရာ စီမံရတဲ့ မီဖိုချောင်က လူရဲ့ဒုက္ခကလည်း မသေးလှပါဘူး။ မြို့ကြီးပြကြီးတွေ၊ အဲဒါနဲ့နီးတဲ့
ဒေသတွေမှာ  လျှပ်စစ်ရတဲ့အတွက်  မီးဖိုချောင်ကလူ လက်ညှိုးလေးနဲ့ “ ထောက်” ကနဲနှိပ်ပြီး အိုး
တည်နိုင်ကြပေမယ့် မရှိတဲ့ဒေသတွေမှာတော့ လောင်စာမီးဖိုတွေကို အားကိုးရတုန်းပါ ။ လောင်စာ
ဆိုလို့ ထင်းကို အဓိကထား သုံးကြရတယ် ။ တနှစ်တာသုံးရမယ့် ထင်းခုတ်စုဆောင်းရတဲ့  ဒုက္ခကို
မှန်းဆကြည့်ကြနော်။“တောဘာလို့ပြုန်း၊သစ်ခုတ်လို့ပြုန်း။ သစ်ဘာလို့ခုတ်၊ထင်းလုပ်ဘို့ခုတ်။ ထင်း
ဘာလို့ခုတ်၊ ထမင်းချက်ဘို့ခုတ်။ ခုတ်...ခုတ်..ခုတ်..တောတွေလည်း ပြုတ်ကုန်ပါရောလား သူတို့
ဘက်က ကြည့်တော့ မခုတ်ရင်ဘာနဲ့ချက်မလဲ ။ ထင်းမရှိလို့  ရွာဦးကျောင်းကို ဆွမ်းချက်မပို့နိုင်ရင်
ဆရာတော်ရဲ့ ကြိမ်လုံးအောက်မှာ နင့်ကျောလာခံမှာ မို့လို့လား။ ဒီတော့သူတို့ဆီ လျှပ်စစ်မီးရောက်
အောင်လုပ်ပေးမလားဟင်။
အင်း...လက်ရှိနှုန်းအတိုင်း သွားနေလို့ကတော့ သူတို့ဆီလဲရောက်ရော သူတို့ဒေသတစ်ခုလုံး  သဲ
ကန္တာရကြီး  ဖြစ်နေလောက်ရောပေါ့နော် ။ နူကလီးယား ဓါတ်ပေါင်းဖိုကြီးတွေ  အမြန်ဆောက်ပေး
လိုက်ရင်ဖြင့် အချိန်မီလောက်တယ်ထင့်။ ဒီတော့ ညီညီမတို့တွေ နူကလီးယားပညာရှင်ကြီးတွေဖြစ်
အောင် အမြန်ဆုံးသာကြိုးစားကြပေတော့ဗျား....။
       ကဲ ကဲ ထားထားလိုက်တော့ ကိုယ်မတတ်နိုင်တာကြီးကိုမေ့လိုက်ပြီး တတ်နိုင်တာလေး လုပ်
ကြစို့ ။  ညီညီမတို့  မြို့ကြီးပြကြီးတွေမှာ ဘယ်လောက်နေနေ တနေ့နေ့ တချိန်ချိန်မှာ  တကြောင်း
ကြောင်းကြောင့် တောလက်ကျေးရွာတွေဘက်ကို ရောက်ကြမှာပါ။ ထင်းအတွက်သောကပွားနေရ
တဲ့ သူတို့တွေကို  ဒီနည်းလေးပေးလိုက်ရင် ကျေးဇူးတင်ကြမယ် ထင်ပါတယ်။  ဒီနည်းက  ထင်းကို
( ၅ )ဆ အကုန်သက်သာစေတယ် ဆိုတော့ တောပြုန်းတီးမှုကို အထိုက်အလျှောက် သက်သာစေ
တယ်လေ။
       ကဲ ထင်းတစ်ချောင်းသုံး မီးဖိုလုပ်နည်း စလိုက်ရအောင်။ အိုးတိုက်ဖွဲပြာ(၁၀) ပြည်၊ မဖောက်
ထုံး(၄) ပြည်၊ ဆား(၂)ပိသာ တို့ကို ရေအနည်းငယ်ရောပြီးနယ်လိုက်ရင် ကော်စေးဖြစ်လာတယ်ဗျ။
အဲဒါကို လေးတောင့်သံပုံး(စားအုန်းဆီထည့်တဲ့ပုံး)ထဲထည့် ပုံမှာပြထားတဲ့နည်းတွေအတိုင်း ကြည့်
လုပ်လိုက်ရင် ထင်းကုန်သက်သာတဲ့ မီးဖိုတစ်ခုရပြီပေါ့။                                                   

1 comment: