Tuesday, January 19, 2016

မင်းဂွတ်ပင်(Mangosteen)စိုက်နည်း


သဘာဝအခြေအနေ
              ပူအိုက်စွတ်စိုသောရာသီဥတုကိုနှစ်သက်သည်။ နှစ်ပါတ်လုံးမိုးရွာသည့်ဒေသတွင် အလွန်
ဖြစ်ထွန်းသည်။ မြေပွပြီး သစ်ဆွေးဓါတ်ကဲသောမြေတွင်ပိုမိုဖြစ်ထွန်းသည်။ အပင်(၈-၉)နှစ်သားမှစပြီး
အသီးတင်သည်။ တစ်နှစ်(၂)သီးထွက်ပြီး (၃)နှစ်တစ်ကြိမ်အသီးလျော့တတ်သည်။ အသီးများမမှည့်မီ
သီးရင့်များကို ခြင်းတပ်တံချူဖြင့် ဆွတ်ခူးရသည်။ အဖျက်ပိုးမရှိသော်လည်း သီးခွံမာမှိုရောဂါ၊ သီးပုပ်မှို
ရောဂါတို့ကျရောက်ပြီး အတွင်းသားစိမ်းဝါရောင်ဖြစ်ကာ အသီးပုပ်သွားမည်။နှစ်ပေါင်း(၄၀)ကျော်အထိ
သီးနိုင်သည်။ ပြုစုမှုအပေါ်မူတည်ပြီး အသီးထွက်နှုန်းကောင်းသည်။
ပျိုးထောင်ခြင်း
              အများအားဖြင့်အစေ့မှပျိုးထောင်ကြသည်။ အသီးမှထုတ်သောအစေ့ကိုချက်ချင်းပျိုးထောင်
               ရမည်။အသီးထဲတွင်(၅)ပတ်မျှထားပြီးလည်း အပင်ဖောက်နိုင်ပါသေးသည်။ အသီးထဲမှထုတ်ပြီး အပြင်
တွင်ကြာကြာထားသောအစေ့ကို မပျိုးသင့်ပါ။မြေဆွေးနှင့်သဲရောထားသောမြေကို ပျိုးအိတ်၊ပျိုးခြင်းတို့
တွင်ထည့်ပါ။ အစေ့၏အဖုများမှ အမြစ်နှင့်အညွှန့်များထွက်လာပြီးနောက်များမကြာမီ ပင်စည်ရင်းမှ အ
မြစ်သစ်များ ထပ်ထွက်လာမည် ။ တစ်နှစ်သားရှိမှ စိုက်ခင်းသို့ ပြောင်းစိုက်ရမည် ။  မြေအစိုဓါတ် လုံးဝ
အပြတ်မခံပါနှင့်။
စိုက်ပျိုးပြုစုခြင်း
               စိုက်ကျင်းကို( ၂၈’ )စီခွာပြီး တြိဂံစိုက်စနစ်(ပုံစံကို ဒီမွ ပြန်ကြည့်နိုင်သည်)ဖြင့်(၃’x၃’x၃’)
တူးပါ။ မြေဆွေး၊နွားချေးနိုင်နိုင်ထည့်ပြီးစိုက်ပါ။စိုက်ပင်ငယ်လေးများကို အရိပ်ဖန်တီးပေးရန်လိုပါသည်။
နွေကာလမှာ အပင်ရင်းတွင်ကောက်ရိုးများပုံပေးကာရေလောင်းပေးခြင်းဖြင့် အစိုဓါတ်ထိမ်းပါ။ နွားချေး
မြေဆွေးတို့ကိုကျွေးပါ။(၈-၁၀)နှစ်သားတွင်အသီးတင်ပြီး တစ်နှစ်(၂)သီး သီသည်။ (၃)နစ်တစ်ကြိမ်အ
သီးလျော့တတ်သဖြင့် ထိုနှစ်တွင် အပင်အားလုံးကို နွားချေး၊မြေဆွေးပိုမိုကျွေးသင့်သည်။ ကိုင်းခြောက်
ကိုင်းလှီ၊ကိုင်းရှုပ်တို့ကို နှစ်စဉ်ရှင်းလင်းပစ်ပါ။ နှစ်ပေါင်း(၄၀)ကျော် သီးနိုင်သည်။
လောက်အောင်မကျွေးသောအပင်သည် အသီးထွက်နှုန်းညံ့သော်လည်း ဓါတ်မြေသြဇာထည့်သော အ
ပင်မှအသီးထက် အရသာပိုရှိသည်။ ပေါင်းရှင်းခြင်း၊ကိုင်းသိမ်များရှင်းခြင်းတို့ပုံမှန်လုပ်ပေးပါ။အစေ့စိုက်
ပင်များအတွက်ရေလောင်းရန် အလွန်မလိုအပ်သော်လည်း ကိုင်းဖြတ်ပင်တို့အတွက်နွေရာသီတွင် မြေ
အစိုဓါတ်ကြည့်ပြီး အခါအားလျှော်စွာ လောင်းပေးရန်လိုသည်။ ဒက်ပိုး၊ ဒက်ပိုးဖြူတို့ ပင်စည်နှင့် အသီး
တို့တွင်ကျရောက်နိုင်သဖြင့် ကာကွယ်နှိမ်နင်းပါ။

No comments:

Post a Comment