အယဉ် ၊ အရိုင်း
♣ တံခါး
ပိတ်ထား မထား
၀င်လိုငြားက
အချက်ပြခေါက်ပေးကြရတယ် ။
♣ တံခါးခေါက်ဝင်ရင်
လူယဉ်ကျေးတဲ့ ။။
♣ မခေါက်ဘဲဝင်ရင်
ရိုင်းပြတယ်လို့မြင်ကြတယ် ။
♣ အသံပေးဝင်
လူယဉ်ကျေးများ
ပြန်ထွက်သွားတော့
ကွမ်းအစ်ဖျာများပျောက်သွားပေါ့ ။
♣ တံခါးမခေါက်တဲ့လူုရိုင်း
၀င်ချင်တိုင်းဝင်လာပြီး
နာရီကြီးကိုဖုန်သုတ်
ပစ်ရမယ့်အမှိုက်ထုပ်ကိုထမ်း
လာလမ်းအတိုင်းထွက်သွားတယ် ။
(နဂါးနိုင်)
No comments:
Post a Comment