Monday, January 4, 2016

အိုးမပါဘဲထမင်းချက်ရအောင်

       ဟိုး....တခါတုန်းက ရွာတရွာမှာ တောထဲက သစ်မွှေးရှာတဲ့အလုပ်နဲ့ အသက်မွေးသူ တစ်
ယောက် ရှိတယ်။  ရွာကနေ တနေ့ခရီးနှင်ပါမှ တောနက်ထဲက စခန်းချတဲ့နေရာကို ရောက်မှာ။
သစ်မွှေးဆိုတာမျိုးကလဲ ကံစပ်ပါမှ အနဲအကျဉ်းလောက် ရမယ့် အရာမျိုးဆိုတော့  တောထဲမှာ
တပါတ်ဆယ်ရက်လှည့်ရှာရတာမျိုးလေ။
       တနေ့ နံနက်စောစောမှာ သူ့ဇနီးပြင်ဆင်ထည့်ပေးလိုက်တဲ့ ကျောပိုးပလိုင်းကြီးပိုးပြီး သစ်
မွှေးရှာဖို့  အိမ်က ထွက်ခဲ့တယ် ။  မနက်စာထမင်းဟင်းနဲ့  ဆယ်ရက်စာရိက္ခာ  ထည့်ပေးလိုက်
တယ်လို့တော့ ပြောတာဘဲ။ ခါတိုင်းလဲ
ဆန်ကို ပုဆိုးပိုင်းလေးနဲ့ထုပ်၊ငရုပ်၊ကြက်သွန်၊ဆီ၊ဆားကို ချက်ပြုတ်စရာ ဒန်အိုး(၂ )လုံးနဲ့တကွ
ထည့်ပေးနေကျပါဘဲ။ နေထန်းတဖြားဆွမ်းခံပြန်ချိန်လောက်လမ်းတ၀က်မှာခဏနားပြီး ထမင်း
ထုပ်ဖြေစားခဲ့ရတယ် ။  ထည့်ပေးလိုက်တဲ့ ဟင်းကများတော့  ညနေစာအတွက် တ၀က်ချန်စား
လိုက်တယ်။ဒီလိုနဲ့ စခန်းချမြဲဖြစ်တဲ့ တောနက်ထဲ စမ်းချောင်းနံဘေးက သစ်ပင်ကြီးအောက်ကို
ညနေအတော်စောင်းမှ ရောက်တယ် ။ တောနက်ကြီးထဲမှာ သားကောင်ကြီးတွေရဲ့ အန္တရာယ်ရှိ
တာဖြစ်တော့ ညစာအမြန်ချက်ပြုတ်စားသောက်ပြီး သစ်ပင်ကြီးရဲ့အပေါ်မှာလုပ်ထားတဲ့လင့်စင်
မှာတက်အိပ်မှဖြစ်မှာ။
       ဒါနဲ့ချက်ချင်းမီးမွှေး၊ ဆန်ထုပ်ကိုထုတ်၊ဒန်အိုးထုတ်လိုက်တော့...။ သူ သေချင်စော်နံသွား
တယ်ဗျ။ပလိုင်းကြီးထဲမှာ ဒန်အိုးတွေမပါ။ ဇနီးဖြစ်သူ မေ့ပြီးထည့်မပေးလိုက်ပြီဘဲ။ကဲ…ညီငယ်၊
ညီမငယ်တို့ရေ ဘယ်လိုလုပ်ကြမတုန်းဗျ ။ချက်စရာအိုးမရှိရင်တောထဲမှာနေလို့မဖြစ်တော့ဘူး။
အိမ်ပြန်ရုံဘဲ ရှိတော့တာပါ့ ။ ဂွကျတာက မိုးချူပ်သွားမယ်လေ။ ပြန်လို့မဖြစ်ဘူး ။ ဒီတညတော့
ဖြစ်သလို အောင့်အီး သည်းခံနေပြီး  မနက်ဖြန်ကတော့
မဖြစ်မနေပြန်ရမှာဘဲ။ ချက်ပြုတ်စရာအိုးမရှိလို့မှ မဖြစ်ဘဲကိုး။ တနေကုန်လမ်းလျှောက်ပြီး လာ
ခဲ့ရတာ ၀မ်းထဲကလည်း တဂျူတ်ဂျူတ်နဲ့ရယ် ။ လင့်စင်ပေါ် ဒီတိုင်းမိုးလင်းဘို့မလွယ် ။ မိုးလင်း
သွားပြီးလို့အိမ်ပြန်မယ်ဆိုတော့လည်း တနေ့တာလုံး ခရီးနှင်ရမယ့်အရေးမှာ တွေးကောင်းစရာ
ကလည်း တစက်ကယ်မှမရှိ။  ဆန်ထုပ်ကလေးကြည့်လိုက်၊ မွှေးထားတဲ့ မီးဖိုလေးကြည့်လိုက်၊
တသွင်သွင်လေးစီးနေတဲ့ စမ်းရေကြည်လေးကို ကြည့်လိုက်နဲ့။ အင်း…..မကြာခင် မိုးချူပ်တော့
မယ်။  လင့်စင်ပေါ်ဘဲ ဆာဆာနဲ့တက်ကွေးပြီး  အိပ်လိုက်ရကောင်းမလား ။    ဆန်ကိုရေစိမ်ပြီး
၀ါးလိုက်ရရင် ကောင်းမလား။ ဗိုက်ထဲဝင်သွားဘို့၊၀မ်းဝဘို့အဓိကဘဲ။ အင်း...ဆန်ကိုရေစိမ်ပြီး..
...ဆန်ကိုရေစိမ်ပြီး..။
       ဇဝေဇ၀ါနဲ့သူ့မျက်နှာဟာ ချက်ချင်းဝင်းပသွားတယ်။ ဒါဆိုရင် ထမင်းကိစ္စ သူအဖြေရသွား
တယ်လို့ ခန့်မှန်းမိလောက်မယ် ထင်ပါရဲ့။သူချက်ချင်းထပြီး တောငှက်ပျော(၄-၅)ရွက်ခူးပြီး မြေ
ပေါ်ခင်းလိုက်တယ်။နောက် ဆန်ထုပ်ထဲရှိသမျှဆန်တွေကို အဲဒီအပေါ်သွန်ချလိုက်တယ်။ပြီးရင်
နှစ်နပ်ချက်စာဆန်ကို ပုဆိုးပိုင်းနဲ့ချူပ်ထားတဲ့ဆန်အိတ်ထဲပြန်ထည့်ပြီး စမ်းရေထဲ ခဏစိမ်ထား
လိုက်တယ်။ ပြီးတော့ ဆန်ထုပ်
မြုပ်ရုံမြေကျင်းကလေးတူးပြီး ဆန်အိတ်ကိုထည့်လိုက်တယ်။ နောက် မြေပြန်ဖို့လိုက်တယ်။ အ
ပေါ်က သစ်ရွက်ခြောက်တွေ၊သစ်ကိုင်းခြောက်တွေ မပြတ်ထည့်ပြီး မီးရှို့တယ်။သိပ်မကြာပါဘူး
ဆန်နံ့လေး သင်းလာတယ်။ ဒီတော့မှ အပေါ်ကမီးတွေကို သူဖယ်ရှားလိုက်တယ်။ ခဏကြာအ
အေးခံထားပြီး မြေကြီးကို ယက်ထုတ်ဖယ်ရှားလိုက်တော့ မတူးမခြစ်ဘဲ အနံ့သင်းသင်းနဲ့ထမင်း
ကို သူတွေ့လိုက်ရပါပြီ။စိတ်အေးပြီ မနက်က ချန်ထားတဲ့ဟင်းနဲ့ မြိန်မြိန် စားပါလေတော့တယ်။
       ကင်းထောက်လူငယ်အဖွဲ့တွေကို ပြန်အသက်သွင်းနေတဲ့ခုလိုကာလမျိူးမှာ တောတွင်းစ
ခန်းချမယ့် လူငယ်မောင်မယ်တွေ  ဒီနည်းကလေးသိထားရင် ပိုကောင်းမလားလို့ပါ ။ အပေါ်က
သစ်မွှေးရှာတဲ့သူတော့ နောက်နေ့မနက်မှာ ရွာကို ပြန်ခဲ့လိုက်ရတယ် ။ နောက်နောင် အခေါက်
တွေမှာ သူဟာ ထမင်းချက်တဲ့အိုးတစ်လုံး လျော့ယူပြီး တောထဲဝင်တဲ့အကျင့်ရသွားလေရဲ့။ အိုး
နဲ့ချက်တာထက်  ကောင်းတဲ့နည်းကို သူရသွားလို့ပေါ့ နော်။

No comments:

Post a Comment