ရာဘာငိုချင်း
♣ ဆယ်စုနှစ်တခု
အရင်းပြု ပြီး
မြေကြီးတစ်ကွက်မှာ
အပင်ပေါက်စေခဲ့တာ ။
♣ အပင်တွေကြား
လျှောက်လှမ်းပြေးလွှား
ကင်းခြေများကိုက်
မြွေလိုက်မှာကြောက်
ချွေးပေါက်ပေါက်ကျ
အစေးရချွေးထက်နဲ ။
♣ ဇတ်သမားပြန်
မှတ်သားစရာကျန်သတဲ့
ဇတ်သမားနဲ့မခြား
ညပြေးလွှား နေ့အိပ်
စာရင်းပိတ်မှာကျန်တာဟာ
မိုးတွင်းဆန်ဝယ်လောက်ရုံသာ ။
♣ အင်း…ရာဘာ ရာဘာ
လူ့သုံးကုန်မှာ
သူနဲ့လွတ်တာမရှိပေမယ့်
ငါ့ဆီကထွက်တဲ့
ကုန်ကြမ်းဈေးထက်
မြေဇာမြက်ကမှမြင့်နေသေး ။
♣ ဘဘကြီး မမကြီးတို့ရေ…
ကုလားထိုင်တွေပြောင်းထိုင်
စတိုင်ကျလို့ဝရင်
၀မ်းမ၀ခါးမလှတော့တဲ့ငါတို့ကို
ဈေးပိုရမယ့်ဈေးကွက်
ကမ္ဘာမပျက်ခင်လေး
ယူလာပေးပါလား……ဟင် ။
(နဂါးနိုင်)
No comments:
Post a Comment