Saturday, January 2, 2016

ကြက်တွန်သံနှင့် အရပ်ဓလေ့အခေါ်


        တလောတုန်းက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ လူနှစ်ယောက်တို့ နာရီစင်ကြီးတွေနဲ့ပါတ်သက်
ပြီး ဆွေးနွေးနေတာကို နားစိုက်ထောင်မိတယ်။ တယောက်သောသူက နာရီစင်ဆိုတာမြို့ရဲ့ကျက်သရေ
.ဆောင်မို့လို့ ရှိထားသင့်တယ်တဲ့။ ကျန်တဲ့တယောက်သောသူ ပြောတဲ့စကားက နဲနဲထူးခြားနေတယ်ဗျ။
သူက နာရီစင်ဆိုတာ ကိုလိုနီခေတ်ရဲ့သင်္ကေတကွ၊ အင်္ဂလိပ်လက်ထက်တုန်းက အိမ်တိုင်းမှာ နာရီမရှိ
တော့ နာရီစင်ထားတာကွ။ ခုခေတ်များ လက်ပတ်နာရီ(၃)လုံးကို တစ်ထောင်ကျပ်နဲ့ ၀ယ်နိုင်တဲ့ခေတ်၊
လက်ကိုင်ဖုန်းတွေ၊ ကွန်ပျူ တာမျက်နှာပြင်တွေ၊ အိမ်နံရံတွေတိုင်းမှာ နာရီတွေရှိနေတာ နာရီစင်ကလို
အပ်သေးလို့လားကွာတဲ့။ ဘယ်သူ့စကားမှန်တယ်ဆိုတာကို မသိချင်တော့ပါဘူး။
       ရှေးကကျေးလက်တောရွာတွေမှာ နာရီစင်မပြောနဲ့ နာရီမျက်နှာပြင်နဲ့တူတဲ့အ၀ိုင်းဆိုလို့ မီးဖိုထဲက
ဒန်အိုးဖုံးတွေ၊ ဆန်ကော(ဇကော)တွေ၊ ထမင်းစားပန်းကန်ပြားတွေ၊ ဆွမ်းပို့တဲ့ လင်ပန်းတွေဘဲရှိတာဗျ။
ဒါဆို သူတို့က အချိန်ကိုဘယ်လိုသိနိုင်မလဲ။ သာမန်ဖြေရရင် နေကိုကြည့်တယ်ပေါ့ဗျာ။ အရုဏ်တက်ပြီ၊
.. နေထန်းတဖျားရှိပြီ၊ နေမွန်းတည့်ပြီ၊မွန်းလွဲ(မွန်းတိမ်း)ပြီ၊ညနေစောင်းပြီ၊ နေ၀င်ရီတရောအချိန်စသဖြင့်
သတ်မှတ်ကြလေရဲ့။ ကောင်းပြီ နေ၀င်သွားလို့ညအချိန်ရောက်ရင်ရောတဲ့။ ဟုတ်ကဲ့ မစိုးရိမ်ပါနဲ့ အိမ်မှာ
.. မွေးထားတဲ့ ကြဖကြီးက အချိန်ကိုပြောပြပါသတဲ့ဗျား........။ သူက တွန်သံနဲ့ ဘယ်လိုပြောသလဲဆိုရင်..
(၁) ညနေ  ၆ နာရီ     အိပ်တန်းတက်ကြက်တွန်သံ။
(၂) ည      ၈ နာရီ     သူငယ်အိပ်ကြက်တွန်သံ။
(၃) ည    ၁၀ နာရီ     သက်ကြီးခေါင်းချကြက်တွန်သံ။
(၄) ည    ၁၂ နာရီ     သန်းကောင်ကြက်တွန်သံ။
(၅) နံနက်  ၂ နာရီ     လုလင်ပြန်(နလင်ပြန်)ကြက်တွန်သံ။
(၆) နံနက်  ၄ နာရီ     ကြက်ဦးတွန်သံ။
(၇) နံနက်  ၆ နာရီ     လင်းကြက်တွန်သံ။     ဖြစ်ပါသတဲ့။
       ညီငယ် ညီမငယ်တို့ရေ IT ခေတ်ကြီးထဲက အလုပ်ဝင်အင်တာဗျူးတွေမှာ ဒါတွေကိုတော့မမေး
  လောက်ပါဘူးနော် ဟဲ ဟဲ ။
                                              (နဂါးနိုင်)             

No comments:

Post a Comment