Monday, January 4, 2016

ခံတွင်းနံ့ ကောင်းစေဖို့


                             မျက်နှာချင်းဆိုင် အနီးကပ်စကားပြောရင် ပါးစပ်ကို လက်ဝါးလေးနဲ့ကာ, ကာပြီးပြောတတ်တဲ့
                    ကောင်မလေးတချို့ ကိုတွေ့ဖူးတယ်။ ဘာကြောင့်ဆိုတဲ့ သိချင်စိတ်နဲ့မသိမသာလေ့လာကြည့်တော့
                    တချို့ က သူတို့ရဲ့နှုတ်ခမ်းလေးမလှဘူးဆိုတဲ့ အားငယ်စိတ်နဲ့ကာတာ၊ တချို့ က ပါးစပ်ပြဲတယ်ဆိုပြီး
                    ကာတာ၊ တချို့ က သွားလေးတွေ  မလှဘူးထင်ပြီး ကာကြလေရဲ့။  ဒါပေမယ့် ကာသူအများစုကိုအ
                    သေချာ ဂရုစိုက်လိုက်မိမယ် ဆိုရင်ဖြင့် ခံတွင်းနံ့မကောင်းလို့  ကာတာပိုများတယ်ဆိုတာ တွေ့လာ
                    ရတယ်။တချို့ ဆိုရင်(၃)ပေအကွာလောက်က ရပ်စကားပြောရင်ကိုဘဲ ခံတွင်းဆီကအနံ့တမျိုးထွက်
                    နေတတ် သူရှိတယ်။  ဒီတော့ သူတို့ခမျာ လူကြားသူကြားထဲ သိမ်ငယ်ကြရရှာတာ။
                           “မျက်နှာလေးက နုနယ် ချစ်စဖွယ် ၊ ခံတွင်းနံ့က ညစ်တယ်”  ဆိုတာမျိုးကတော့  ဆိုးတာပေါ့
                    နော်။ဒီလိုအနံ့ဆိုးထွက်ရခြင်းရဲ့ အကြောင်းတရားတွေကိုသာလိုက်ရေးရရင်လဲ ကျယ်ပြန့်လွန်းသွား
                    ပါလိမ့်မယ်။ ကိုကိုနဲ့ချိန်းထားလို့  သွားတွေအထပ်ထပ်တိုက်၊ အကောင်းစားခံတွင်းသန့်ဆေး တဗူး
                    လုံးကုန်အောင် ကျင်းခဲ့ပေမယ့် ကို့ကို့အနားရောက်လို့  ချစ်စကားလေးတွေပြောကြတော့ ခံတွင်းနံ့
                    ကသင်းပေမယ့် ၀မ်းတွင်းက ပင့်သက်နဲ့ထွက်လာတဲ့လေမှာ အနံ့အသက်ပါတတ်တာကို ဂရုပြုမိသူု
                    ရှားပါလိမ့်မယ်။ သိမှမသိတာကိုးလို့နော့်။ ချစ်စခင်စကြင်နာစဆိုတော့လည်း ကိုကို့မှာ ထုတ်မပြော
                    ရဲ။ အနံ့ကလည်းမခံနိုင်။ ကိုကိုက မပြောတော့ ချစ်ချစ်ကလည်း မသိ ။ မပြောရဲ...မသိ၊ မပြောရဲ...
                    မသိနဲ့ ကြာလာတော့ အင်း...ဆက်မရေးချင်တော့ဘူး။
                           ခံတွင်းသန့်ရှင်းရေးလုပ်လို့ သန့်ရှင်းသွားတာ၊ ခံတွင်းသန့်ဆေးရည်နဲ့ ကျင်းလို့ ဆေးရည်အနံ့
                    လေး သင်းနေလို့ဟုတ်လှပြီလို့ မထင်နဲ့တော့နော် ။ ၀မ်းတွင်းထဲက ပြန်ထွက်လာတဲ့  ထွက်လေကို
                    လည်း ဂရုစိုက်ကြအုံးဗျ။ လူတဦးနဲ့တဦးဟာ အသည်း(အသဲ)ရဲ့  အစို/အခြောက်ပုံစံမတူကြပါဘူး။
                    ပုံမှန်အသည်းကောင်းသူအဖို့ ထွက်လေမှာ  အနံ့ဆိုး ပါဝင်မှုနှုန်းနဲ့ အသည်းအတန်ငယ် ခြောက်သူ
                    ရဲ့နှုန်း မတူပါဘူး ။ အသည်းပိုခြောက်ရင်  အနံ့ဆိုးပိုထွက်တယ်လို့  အကြမ်းဖျင်း မှတ်ယူနိုင်တယ်။
                      မယုံဘူးဆိုရင်တော့  ကိုရီးယားမင်းသမီး  စီးကရက်ဖွာတဲ့စတိုင်ကို အားကျတဲ့ငါ့နှမများ တရက်ကို
                    စီးကရက်(၃)ဗူးနှုန်းကျအောင် သောက်ကြည့်လိုက်စမ်း၊ဂွမ်းသွားမှာပေါ့။ဘီယာလဲ တနေ့(၁)ပါကင်
                    သောက်ကြည့်လို့ ရတယ်နော်။ အတုယူမမှားကြနဲ့ ချစ်နှမများ။ ဒီတော့ အပြင်ကချစ်သဲကြီးကို ဂရု
                    စိုက်ရသလို နှမလေးရဲ့ ရင်ထဲက အသည်းလေးကိုလည်း  ဂရုစိုက်ရမယ်ဆိုတာ သိပလား ။  သူ့ကို
                    ကောင်းကောင်းထားကြ သိလား။
                           ကဲ...   အနံ့ဆိုးကို အကြောင်းပြုပြီး သိပ်လည်း သိမ်ငယ်မနေပါနဲ့တော့ကွယ် ။ အကိုကြီးတစ်
                    ယောက်လုံးရှိတာဘဲ ။ အစ်ကိုကြီးနဲ့တွေ့ရင် သိကြားနဲ့ တွေ့တယ်လို့မှတ်။ ကဲ  နည်းပေးမယ်လိုက်
                    ရေး။ “ကံကော်ဝတ်ဆံ၊နွယ်ချို ၊နံ့သာနီ၊ကွမ်းရွက် တို့ကို ဆတူရော၊ အမှုန့်ပြု ၊ တခါသောက် လက်
                    ဖက်စားဇွန်နဲ့တစ်ဇွန်း တနေ့ကို(၃)ကြိမ်သောက်။ မကြာမကြာသောက်ပေး။ “တန်ဆေး၊လွန်ဘေး”
                    ဆိုတာလေးလည်း မမေ့စေဘဲ  ကိုယ့်အနံ့ပေါ်မူတည်ပြီး ကြည့်သောက်ပေါ့ ။ နောင်ဆိုရင်  ကိုယ်မ
                    ကြိုက်တာတွေကိုမှ လုပ်တတ်တဲ့ကိုကို့ကို မျက်နှာချင်းဆိုင် ( ၃”) အကွာလောက်ကနေပြီး အသံပြဲ
                    ကြီးနဲ့ အော်ဟောက်ထည့်လိုက် စမ်းပါ။ ငါ့နှမ ပါးစပ်ကအနံ့ဆိုး ကိုကို့နှာခေါင်းပေါက်ထဲ  မ၀င်စေရ
                    ဘူး...လောင်းမလား။
                           အံမာအံမာ ဒီ Post က ကောင်မလေးတွေအတွက်ရေးတာဘဲငါတို့နဲ့မဆိုင်ဘူးဆိုပြီးမောင်ရင်
                    တို့က မှိန်းနေကြသပေါ့လေ ။ ဟင်းဟင်း မောင်ရင်တို့က သူတို့ထက်တောင်ဆိုးသေး ။ မဟုတ်တာ
                    မှန်သမျှ ပါးစပ်ထဲထည့်နေကြတဲ့ မောင်ရင်တို့အသည်းက  Steel  နဲ့သွန်းထားတာကျလို့ ။ ဒီတော့
                    မောင်ရင်တို့လည်း လိုက်ရေး ဒါဘဲ။



No comments:

Post a Comment