Monday, January 4, 2016

ကွန်ဒင်ဆာ (ကဗျာ)


    ကွန်ဒင်ဆာ

♣   အီလက်ထရောနစ်မှာ
     ကွန်ဒင်ဆာဆိုတာ
     လှိုင်းစစ်တဲ့ အရာကလေး ။
♣   အသံလှိုင်း
     အရုပ်လှိုင်းတွေကို
     လိုသလို စစ်ထုတ်
     အသံအရုပ်ကောင်းစေနိုင်တယ် ။
♣  ငါ့နားထဲမှာ
     ကွန်ဒင်ဆာတပ်ချင်ပြီ ။
♣   လိုတာထက်ပိုပြော
     ပြောတာလောက်မလုပ်
     ရှုပ်တာကို ပိုရှုပ်အောင်ပြော
     နားကလော လာပြီ ။
♣   ငါ့မျက်စိထဲမှာ
     ကွန်ဒင်ဆာ တပ်ချင်ပြီ ။
♣   တည်ဆောက်မည့်နိုင်ငံ
     အားကြိုးမာန်တက်မှ
     တော်ကာကျမယ်ဗျလို့ ဆိုလာသေး
     အလကားရတဲ့ ရေနွေး
     ဆိုင်ရှင်ခွေးဖြစ်အောင်သောက်
     သေးထပေါက်ဖို့တောင်ပျင်း
     လက်ဖက်ရည်ဆိုင်တွင်းက
     အတင်းအဖျင်းတွေကို
     မမြင်လိုတော့ဘူး ။
                               (နဂါနိုင်)

No comments:

Post a Comment