Monday, January 4, 2016

ဗောက် ဗောက် ဗောက်

         လူကြားသူကြားထဲရောက်ရင် ဇာတိကပြလာပြီ။ ငယ်ထိပ်ကယားသလိုလို၊ နောက်စေ့
(စိ) ကယားသလိုလို၊ ချို (ဂျို) စောင်းကယားသလိုလို နဲ့။ နေ့တိုင်းခေါင်းလျှော်နိုင်ရင်တော့ နဲနဲ
တော်သေးတာ။ တရက်တလေလောက်များ ခေါင်းရေမထိရင်ဖြင့် နောက်နေ့တဗြင်းဗြင်းနဲ့ကုပ်
              ဖို့သာပြင်ပေရော့။ ဆောင်းတွင်းမှာ ဦးရေပြားပိုခြောက်တော့ သာတောင်ဆိုးသေး။ သတင်းစာ
              ရွက်တချပ်လောက်ဖြန့်ပြီး  ဘီးစိပ်တချောင်းနဲ့ ဖြီးချလိုက်ရင်ဖြင့် ဖြူဖြူရော်ရော်အဖတ်တွေက
              ပုံနှိပ်စာလုံးအမဲလေးတွေကိုဖုံးသွားလိုက်တာများ ကြည့်မကောင်းပါဗျား။ နေရောင်ထဲမှာခေါင်း
              ကို တချက်လောက်ကုပ်ကြည့်လိုက်ရင်ဘဲ တဖွားဖွားနဲ့လွင့်ပျံထွက်လာတာကလည်းစိတ်ပျက်
              စရာကြီး။ အော်…ဗောက် ဗောက် ဗောက်။

         ခေါင်းကဗောက်တွေကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းသူလို့ အထင်သေးခံ
ရတာလဲရှက်ဖွယ်ပါ။ ကြော်ငြာတွေကြည့်ပြီး Shampoo အမျိုးမျိုးကိုဝယ်ပြီး ခေါင်းလျှော်နေရ
တာလဲတမော။ တချို့သော Shampoo ကြော်ငြာတွေကလည်း Model ကောင်မလေးရဲ့ နက်
မှောင်ပျော့ပြောင်းရှည်လျားတဲ့ “ဆံပင်”၏ကောင်းခြင်းကိုပြချင်တာလား “…” ၏ကောင်းခြင်း
( “…” သည် “ပင်” နှင့် ကာရံသံတူသော စကားလုံးကိုရိုင်းမည်စိုးလေသောကြောင့်  ထည့်မ
ရေးသည်ကိုတွေးတောကာဖတ်တော်မူကြပါလေကုန်)ကိုပြချင်တာလား မကွဲပြား။Shampoo
ကြော်ငြာမဟုတ်ဘဲ Model ကြော်ငြာဖြစ်သွားတာလည်းအများအပြား။ ကဲ ထားလိုက်တော့ ။
ဗောက်ပျောက်ပါတယ်ဆိုတဲ့ Shampoo နဲ့လျှော်တာခဏဘဲရတယ်။ မလွယ်ပါဘူးဟယ် လို့
ငြီးတွားနေတဲ့  ကလေးမများအတွက်  အခက်အခဲမရှိတဲ့  နည်းလေးပေးပြီးနောက်  ဗောက်
ပျောက်ကြပါစေဗျား။
      ရဲယိုရွက်မနုမရင့်ခပ်ကြီးကြီး(၅)ရွက်ကို အရည်ညှစ်ပြီး ဆံပင်အရင်းကဦးရေပြားရွှဲစို
အောင် (၂)ကြိမ်(၃)ကြိမ်ထပ်ထပ်ဆွတ်၊ ပြီးရင်မျက်နှာသုပ်ပုဝါထူထူနဲ့ အနည်းဆုံး (၁) နာရီ
ကြာအောင် ခေါင်းပေါင်းပေးထားပါ။ ပြီးရင် ရေရိုးရိုးနဲ့ခေါင်းလျှော်လိုက်ပါ။ ဆပ်ပြာမသုံးမိပါ
စေနဲ့။ (၁)ပတ်ကို(၁)ကြိမ်ဘဲလုပ်။ (၃)ပါတ်ဆက်တိုက်လုပ်ကြည့်လိုက်ပါ။        Goodbye
Dandruff ပေါ့ဗျာ။
xxxxxxxxxxxxxxxxxxxxxxxxxxxx
……….”  “……….”   “……….”
 “ဟဲလို အမိန့်ရှိပါခင်ဗျာ”
 “ဦးနဂါးနိုင်ဆိုတာလား ဟင်”
 “ဟင် အင်း အဲအဲ ဟိုဟို ဟုတ်ပါတယ် ခင်ဗျာ”
 “တအဲအဲနဲ့ ဘာတွေဖြစ်နေတာလဲဦးနဂါးနိုင်”
 “ဟိုဟို အမိကဘယ်သူလဲ၊ ဘယ်ကဆက်နေတာလဲ”
 “သမီး ရန်ကုန်ကပါ၊ …….လို့ခေါ်ပါတယ်၊ စမ်းချောင်းက”
 “အော်…၊ ကျွန်တော် ဘာများကူညီရမလဲ ခင်ဗျာ”
 “ဒီလိုပါ ဦးနိုင်ရဲ့ဗောက်ပျောက်တဲ့ရဲယိုရွက်အကြောင်းဖတ်မိတော့၊ စမ်းလုပ်ကြည့်ဖို့ အခက်
အခဲလေးရှိလို့ ဖုန်းဆက်မေးကြည့်တာပါ၊ ကူညီပါနော်”
 (အင်း…ရန်ကုန်သူများ စကားလေးသုံးခွန်းတောင်မပြည့်သေးဘူး ဦးနဂါးနိုင်ကနေ ဦးနိုင်တဲ့၊
ဒီထက်ရင်းနှီးလာရင်ဖြင့် အဟီး…ဘယ်လိုခေါ်မလဲမသိ)
 “ပြောကြည့်လေ၊ ကူညီရတာပေါ့”
 “ဦးနိုင်ရဲ့ Post အတော်များများက တောနယ်ထွက်ပစ္စည်းတွေသုံးရတာများတယ်၊ မီးတို့ ရန်
ကုန်လိုမြို့ကြီးမှာ ရှာရဖွေရခက်မှာဘဲနော်၊ မီးတို့ကမိန်းကလေးဆိုတော့ ပိုဆိုးတာပေါ့နော်”
(အင်း…သမီးကနေ “သ” ပြုတ်ပြီး “မီး” တဲ့၊ ကြာရင်ဘာဆက်ဖြစ်မယ်မသိ)
ပါ့”
 “ဘာပစ္စည်းအမယ်ကို ဆိုလိုတာလဲမသိ၊ ပြောကြည့်ပါလား”
 “မီး လောလောဆယ် ရဲယိုရွက်လိုချင်တယ်၊ ဦးနိုင်ပို့ပေးနိုင်မလားဟင်”
 (အင်း…လာပြီလာပြီ၊ ဒါ့ကြောင့်ကိုး)
 “ကိုယ်က အမိတို့ရန်ကုန်နဲ့ မိုင်ရာချီဝေးတဲ့ တောနယ်မှာနေတာလေ၊ ပို့ပေးဘို့မဖြစ်နိုင်ဘူး”
“ဒါဖြင့် ဘယ်လိုလုပ်ရမလဲဟင်…..”
 (သူ့စိတ်ပျက်အားငယ်သံလေးက ရင်ဝကိုလာထိသွားတယ်)
 “ကဲ ကိုယ်အကြံပေးမယ်၊ အသေအချာနားထောင်နော်”
 “ဟုတ်”
“အမိတို့ရပ်ကွက်ထဲမှာ ညဦးပိုင်း မုန့်ဖက်ထုပ်သည် တောင်းထမ်းလည်ရောင်းတာရှိလား”
 “အာ ရှိတယ် ရှိတယ် မီးဝယ်စားနေကျ”
 “ပြီးတော့ အလားတူဘဲ ငါးပေါင်းထုပ်ပူပူလေးဆိုပြီး လည်ရောင်းသူရောရှိလား”
 “ရှိတယ် ရှိတယ် ဦးနိုင်”
 “အဲဒါ အဖြေဘဲ”
 “ရှင်….”
“အော်.ဒီလိုပါ၊အဲဒီလည်ရောင်းတဲ့ ငါးပေါင်းထုပ်သည်ကိုပြောတာ၊ငါးပေါင်းထုပ်ရဲ့ငှက်ပျောဖက်
  ကိုခွာလိုက်ရင် အထဲမှာ အစာတွေကိုရဲယိုရွက်နဲ့တထပ်ထုတ်ထားသေးတာကိုတွေ့ဖူးတယ်မ
  ဟုတ်လား”
“တွေ့ဖူးတယ်ဦးနိုင် တွေ့ဖူးတယ်”
 “ဒီတော့ ဒီလိုလုပ်၊ ငါးပေါင်းထုပ်သည်ဆီက ငါးပေါင်းထုပ်ဝယ်စားရင်းနဲ့  ရဲယိုရွက်အစိမ်းလေး
   များ ကျေးဇူးပြုပြီးယူလာပေးပါလားလို့ ပြောရင်ရမလားဟင်”
 “အား…..ဟုတ်တယ်ဟုတ်တယ်၊ ဦးနိုင်က ဥာဏ်ကောင်းသားဘဲ၊ မီးတော့ ဦးနိုင်ကိုခင်သွားပြီ၊
  နောင်လည်းဖုန်းဆက်မယ်နော်၊ ရလားဟင်”
 “……………………..”
“အဲ မေးနေတယ်လေဦးနိုင်၊ ရလားလို့”
 “ကောင်းပါပြီဗျာ ငှက်ပျောကြော်တပိုင်းပါ”
 “ဘာလဲ ငှက်ပျောကြော်တပိုင်းဆိုတာ”
 “အော်…အမိရဲ့သဘောတော်အတိုင်းပါလို့ပြောတာ”
“ဦးနိုင်နဲ့စကားပြောရတာ ပျော်စရာကောင်းတယ်၊ ကဲ မီးစာလုပ်ရမှာမို့ Bye ဦးနိုင်”
 “…………………….”
    အင်း………ကောင်မလေးတော့ အဆင်ပြေမှာပါ။ ကမ္ဘာကျော်စုံထောက်ကြီးဖြစ်တဲ့
ရှားလော့ဟုမ်း(Sherlock Holmes)ဟာ ပြသနာရပ်ကြီးတခုခုကိုဖြေရှင်းလို့ပြီးသွားရင် ကျေ
နပ်တဲ့ အပြုံးလေးတစ်ချက်ပြုံးပြီး ဆေးတံကိုမီးညှိ၊ အားပါးတရဖွာရှိုက်တတ်တယ်။ ရန်ကုန်
ကဆိုတဲ့ မမြင်ဘူးသူကောင်မလေးတယောက်ရဲ့ ရဲယိုရွက်ပြသနာကြီးကိုအောင်မြင်စွာဖြေ
ရှင်းပေးပြီးသကာလ ရှားလော့ဟုမ်းကိုအားကျတဲ့နဂါးနိုင် ဆေးတံကိုင်ပြီးမီးညှိဘို့ ပါးစပ်မှာ
ကောက်ခဲလိုက်တော့ လားလား…ဆာ့ကစ်ပြားတွေကို သင်နာရည်နဲ့ဆေးတဲ့သွားတိုက်တံ
ဟောင်းကြီးရဲ့အရိုးကို ခဲမိရက်သားဖြစ်နေပါပေါ့လားကွယ်ရို့ …..။

No comments:

Post a Comment