Monday, January 4, 2016

သရက်ပင်အသီးမှန်အသီးလှိုင်စေဖို့

       စိုက်ပျိုးရေး ၀ါသနာပါတဲ့ညီငယ်တို့  မြေအခက်အခဲကြောင့် အိမ်ခြံဝိုင်းထဲမှာ သရက်ပင်
(၁)ပင်စ(၂)ပင်စစိုက်ထားတာဘဲဖြစ်ဖြစ် စီးပွားဖြစ်သရက်ခြံကြီးစိုက်ထားရင်ဘဲဖြစ်ဖြစ် အပင်
သန်မာ အသီးလှိုင်တာကိုလိုချင်မှာပေါ့။ နည်းပေးလိုက်မှာ လွယ်လွယ်လေးပါ။
      သရက်ပင်အောက်ပတ်ပတ်လည်မြေကြီးမှာ ချိုင့်ခွက်တွေ၊ ကျင်းတွေတူး (အမြစ်တွေမ
နာစေနဲ့)ပေးပြီး (၁)ပတ်(၁)ကြိမ် ရေ၀အောင် မှန်မှန်သွင်းပေးရင် နှစ်စဉ်အသီးထွက်လှိုင်လာ
ပါမယ်။ ဒါ့အပြင် ပိုးမစား၊ကိုင်းမကျိုးတဲ့ အကျိုးကျေးဇူးတွေပါခံစားရပါမယ်။ နောက်ပြီး အပွင့်
မပွင့်မီ (၁)လအလိုလောက်မှာ အပင်အောက်က မီးခိုးမှိုင်းတိုက် (အပူရှိန်မများစေနဲ့) ပေးရင်
အပွင့်ကောင်းပြီး သီးကင်းကြွေနဲတယ်။သရက်ပင်ကိုအကောင်းဆုံးသောပိုးကာကွယ်နည်းက
တော့ ဆန္ဒန်ဆင်မင်းဇတ်ထဲက  ဇတ်ပို့တစ်ကောင်ဖြစ်တဲ့  ခါချဉ်ကောင်ကိုသာ သရက်ပင်မှာ
မွေးလိုက်။ အင်ကြင်းပန်းထဲက ခါချဉ်ကောင်ဟာ စူဠသုဘဒ္ဒါက ဆန္ဒန်ဆင်မင်းကို ဘ၀ဆက်
တိုင်း အငြိုးထားစေတယ်နော် ဟဲဟဲ။ ဘာဘဲပြောပြော ညီငယ်ရဲ့သရက်ပင်ပေါ် ခါချဉ် (၁)အုံ
လောက်ရှိနေတာဟာ ပိုးသတ်ဆေးစက်ရုံကြီးပေါင်း (၁၀) ရုံထက်စွမ်းတယ်လို့ မှတ်ပါ။  တခု
တော့ရှိတယ် သရက်သီးခူးချိန်မှာ စူဠသုဘဒ္ဒါဖြစ်တတ်တာလေးတော့ သည်းခံပေါ့။

No comments:

Post a Comment