Tuesday, January 19, 2016

ပန်းသီးပင်(Apple)စိုက်နည်း



သဘာဝအခြေအနေ
              အေးမြစွတ်စိုရာနေရာကိုနှစ်သက်ပြီး မြေမရွေးစိုက်နိုင်သည်။ အစေ့စိုက်လျှင် (၅)နှစ်သား
တွင်အသီးခူးနိုင်ပြီး ကိုင်းဆက်၊အဖူးမြုပ်လျှင်(၃-၄)နှစ်သားတွင် ခူးနိုင်သည်။ မမှည့်မီ သီးရင့်အနေအ
ထားတွင်ဆွတ်ခူးပြီး ဈေးကွက်တင်ပို့ကြသည်။ ပန်းသီးများရောင်းပန်းလှအရောင်တောက်စေရန် မသ
မာသူတို့က ဖယောင်းလိုက်ကာတင်ကြသည်။ အသီးကို လက်သည်းဖြင့် အသာအယာ ခြစ်ကြည့်လျှင်
ဖယောင်းဖတ်များ ကွာကျလာသည်။ မစားသင့်ပါ။ အသီးကို (၃၂-၃၅) ဒီဂရီဖာရင်ဟိုက် အနေအထား
တွင် (၈)လအထိ အထားခံသည်။ အကြေးပိုး၊ပျပိုး၊ မြစ်ဖောက်ပိုးတို့ အပင်ငယ်တွင်ကျပါက အပင်သေ
ပြီး အပင်ကြီးတွင်ကျပါက သီးထွက်နှုန်းလျော့သည်။   ပင်စည်မဲ/ညိုမှိုရောဂါ၊ ပန်းသီးနှင်းခါး/ပျော့ပုပ်မှို
ရောဂါတို့ကျရောက်နိုင်သည်။
ပျိုးထောင်ခြင်း
            အများအားဖြင့် အစေ့မှ ပျိုးထောင်ကြသည် ။  ကိုင်းဆက်၊ အဖူးမြုပ်၍လည်း ပျိုးထောင်ကြ
သည်။ (၅x၆)အရွယ် ပလပ်စတစ်အိတ်ဖြင့် ပျိုးထောင်သင့်သည်။ အစိုဓါတ်ထိမ်းခြင်း၊ အမိုးအကာလုပ်
ပေးပြီး ပင်သက်တစ်နှစ်သားမှာ ရွှေ့စိုက်ပါ။ ပျိုးထောင်ထားချိန်တွင် စိုက်ခင်းကိုမီးရှို့ရှင်းလင်းထားပါ။
စိုက်ပျိုးပြုစုခြင်း
            စိုက်ကျင်းကို( ၂၀’)စီခွာပြီး တြိဂံစိုက်စနစ်(ပုံစံကို ဒီမှာ ပြန်ကြည့်နိုင်သည်)ဖြင့် (၃’x၃’x၃’)
တူးပါ။မြေဆွေးထည့်ပြီးစိုက်ပါ။အစိုဓါတ်အမြဲရနိုင်ရန် အပင်ရင်တွင် ကောက်ရိုးဖုံးပေးပါ။ နွေရာသီတွင်
ရေသွယ်မြောင်းဖြင့် ရေသွင်းရန်လိုသည်။ တစ်ဧကအတွက် နွားချေး ( ၁၀)စီး နှစ်စဉ် ထည့်သင့်သည်။
အပင်(၂)နှစ်သားတွင် အပင်ပုံသွင်းပေးရမည်။ မိုးအခါတွင် အပင်အောက်ပိုင်းကိုင်းများကို ရှင်းလင်းပြီး
ပုံသွင်းခြင်းဖြစ်သည်။ ဆောင်းအခါရောက်သော် ကိုင်းဖျားများကိုသာ ဖြတ်ရမည်။ အသီးပြမည့်နှစ်တွင်
မှ ကိုင်းရင်းဖြတ်ပုံသွင်းရသည်။ သို့သော် ပုံမှန်သီးမည်ဟုယူဆသောကိုင်းကို  အဖျားပိုင်းသာဖြတ်သင့်
သည်။ ကိုင်းသစ်ထွက်နည်းသောနှစ်တွင်မှ ကိုင်းရင်းဖြတ်သင့်သည်။အသီးထွက်နှုန်းအလွန်နဲလာပါက
ကိုင်းများမဖြတ်သင့်ပါ။ ပန်းသီးပင်စတင်သီးသည့်နှစ်တွင် တစ်ပင်ကို ယူရီးယား(၃)ဗူး၊တီဆူပါ(၁.၅)ဗူး၊
ပိုတက်ရှ်(၁.၅)ဗူးနှုန်းဖြင့် တစ်နှစ်အတွင်း(၂)ကြိမ်ထည့်ပါ။ အပင်များသက်တမ်းရင့်ပြီး  သီးနှုန်းကျလာ
ချိန်တွင် ၄င်းနှုန်း၏ထက်ဝက်သာ ထည့်သင့်တော့သည်။ ပန်းသီးများတစ်ကိုင်းထဲတွင်စုပြွတ်သီးနေက
အသီးကင်းများကို (၈”)စီကွာစေပြီး ကျန်အသီးကင်းများကိုခြွေပစ်မှ အသီးညီပြီးအလုံးလှပါမည်။

1 comment: