Tuesday, January 12, 2016

သရက်သီးအကြောင်း သိကောင်းစရာလေးတွေ


“အသီးမှာသရက်၊အသားမှာဝက်လို့” မြန်မာတို့ဆိုရိုးရှိတယ်။ အနောက်တိုင်းကလူတွေကတော့“အသီး
တို့ရဲ့ဘုရင်လို့တင်စားကြတယ်။ Mango ဆိုတာက တမီလူမျိုးတို့ရဲ့ Mangky, Mangay စတဲ့ စကားက
လာတာပါ။ အနောက်အိန္ဒယမှာ ကြီးစိုးခဲ့ကြတဲ့ ပေါ်တူကီတွေကတော့ Manga လို့ ခေါ်ခဲ့ကြတယ်။ သ
ရက်ပွင့်ဟာ အလွန်သေးငယ်ပြီး ပွင့်ချပ်အဖြူ(၅)ခုပါတယ်။ သီးကင်းထွက်ပြီးမှည့်ဖို့ဆိုရင် (၃)လကနေ
(၆)လအထိ ကြာတတ်ပါတယ်။ သရက်ပင်ကို အိန္ဒယကလူတွေက သန့်စင်မွန်မြတ်ရာလို့သတ်မှတ်ကြ
တယ်။ ချစ်ခြင်းမေတ္တာ အထိမ်းအမှတ်အဖြစ်လည်း သဘောထားတယ်။ ဒါ့အပြင် အလိုရှိရာဆုတောင်း
                   ပြည့်တဲ့အပင်လို့လည်း ယုံကြည်ကြတယ်။

                      ကမ္ဘာ့ဈေးကွက်ထဲ သရက်သီးတင်ပို့မှုအများဆုံးနိုင်ငံတွေကတော့ အိန္ဒယ၊ပါကစ္စတန်၊ပေါ်တိုရီ
ဂို၊မက္ကဆီကို၊ဘရာဇီး၊အစ္စရေး၊တောင်အာဖရိကနဲ့ ပီရူးတို့ဘဲဖြစ်တယ်။ သရက်စေ့ကိုပျိုးပြီးအပင်ပေါက်
(၂”-၁၀”) အမြင့်ရရင် မြေချစိုက်ရတယ်။ တစ်ပင်နဲ့တစ်ပင် 35m-45m ခွာစိုက်ကြတယ်။ ကမ္ဘာ့သရက်
စိုက်ခင်းရဲ့ ၁၀% ဟာ USA မှာပါ။ သရက်သီးဟာ အမျိုးအစားအလိုက် ကွဲပြားတဲ့သဏ္လာန်တွေ၊အရွယ်
မျိုးစုံရှိကြတယ်။ အရောင်အားဖြင့်လည်း လိမ္မော်၊အ၀ါ၊အနီနဲ့ အစိမ်းရောင် အသွေးတွေရှိကြတယ်။ သ
                  ရက်ပင်ဟာ အပူပိုင်းယဉ်စွန်းတန်းဒေသတွေမှာ ကောင်းစွာဖြစ်ထွန်းကြတယ်။


         သရက်သီးဟာ အထွေထွေစားသုံးစာ ဖြစ်တယ်။ ကမ္ဘာတစ်လွှားမှာ နည်းမျိုးစုံပြုလုပ်စားသုံးကြ
တယ်။ တောင်အာရှတစ်ခွင်မှာ သရက်သီးမှည့်အသားတွေကို နို့၊မလိုင်၊သကြားတွေနဲ့ ရောစပ်ပြီး အား
ဖြည့်ဖျော်ရည်အနေနဲ့ သောက်သုံးကြတယ်။ သရက်သီးကို အိန္ဒယ၊ ပါကစ္စတန်နဲ့ဖိလစ်ပိုင်တို့က အမျိုး
သားအမှတ်လက္ခဏာအဖြစ် သတ်မှတ်ကြတယ်။ သရက်ပင်ကိုတော့ ဘင်္ဂလားဒေရ်ှက အမျိုးသားရေး
လက္ခဏာအဖြစ်သတ်မှတ်တယ်။သူတို့တွေဟာတစ်ဦးနဲ့တစ်ဦး ခင်မင်မှုအထိမ်းအမှတ်အနေနဲ့ သရက်
သီးခြင်းတွေ လက်ဆောင်ပေးကြတယ်။

http://www.topworldfact.com  မှ။

No comments:

Post a Comment