Saturday, January 2, 2016

"- -" ပြည်သားဟေ့ "- -" ပြည်သား (ကဗျာ)


  "- -" ပြည်သားဟေ့ "- -" ပြည်သား 


♣   ကျောက်ပေါက်မမျက်နှာနဲ့
     လမ်းရဲ့ထက်မှာ
     အများသူငါ သွားလာကြတယ် ။
♣  တချို့ဟာ
     မြည်ကာတွန်တောက်တီး

     လူကြီးတွေကိုအပြစ်ဆို ။
♣  တချို့ဟာ
     ဘာမှမပြောလည်းဘဲ
     မျက်နှာကဲကိုကြည့်ရင်
     ဘ၀င်မကျ ချင် ။
♣   တနေ့မှာ
     စေတနာရှင်တစု
     ကောင်းမှုပြုကာ
     ကျောက်ပေါက်မမျက်နှာ
     မိတ်ကပ်ဖို့ဖာလိုက်ကြတယ် ။
♣   တောက်တီးသူရော
     မနောမကြည်သူပါ
     လမ်းလုပ်ရာမှာမတွေ့ဘူး ။
                                   (နဂါးနိုင်)



No comments:

Post a Comment