Monday, January 4, 2016

ကြွက်နှင်ကြရအောင်



       “ကြွက်သေတစ်ခု၊ အရင်းပြု”
       “ကြွက်နားရွက်၊ ၀က်တပ်”
       “ကြောင်မရှိ၊ ကြွက်ထ”
       “ကြောင်အို၊ ကြွက်မလေး”
       “ကြွက်မနိုင်၊ ကျီမီးနဲ့ရှို့” စတဲ့ စကားပုံတွေအများကြီးရှိသလို ညီငယ်၊ညီမငယ်တို့ အိမ်မှာ
လည်းကြွက်သောင်းကျန်းတွေနဲ့ နဘမ်းလုံးနေရသလားဟင်။ “ကြောင်မရှိ၊ ကြွက်ထ” စကားနဲ့
အညီ ကြွက်အဟန့်လေးဖြစ်အောင် ကြောင်မွေးလိုက်ပေမယ့်  နှာခေါင်းရှေ့က  ကြွက်ပြေးတာ
တောင် မသိလိုက်တဲ့ ကြောင်ပျင်းကြီးတွေကရှိသေး။  တခါခါ ကြောင်စာပန်းကန်ထဲ ၀င်စားနေ
တဲ့ကြွက်ကို စောင့်ကြောင့်ကလေးထိုင်ကြည့်ပြီး ပီတိပွားနေပြန်တဲ့ ဝေသန္တရာကြောင်မျိုးနဲ့တိုး
တတ်သေး။ ဘယ်လောက်ဘဲ ကြွက်ခုတ်တော်တော် ကြောင်မ၀င်နိုင်လောက်တဲ့ ဘီရိုအကြိုအ
ကြားထဲအသိုက်ဖွဲ့ပြီး  ကိုက်ဖဲ့တတ်တဲ့ကြွက်Super တွေကလဲ ဒုနဲ့ဒေး။  အမလေး...... ကိုကို
အမှတ်တရ  ၀ယ်ပေးထားတဲ့ လက်ပတ်နာရီ သားရေကြိုးလေး ကိုက်ဖြတ်ထားလိုက်ပြီ  စိတ်မ
ကောင်းလိုက်တာ  ကိုကိုရယ် ။   ဟိုက်.... သွားပြီ   ချစ်လေး ၀ယ်ပေးထားတဲ့   Handphone
Cover ကြွက်ကိုက်ရာကြီးနဲ့ဟ ။
       ဒီလိုဖြစ်နေကြတာကို ဖြေရှင်းကြစို့။ ဒီနည်းက ကြွက်အရှင်ကိုကိုင်တွယ်ရမှာမို့ ညီမလေး
တို့လုပ်ဖို့ မသင့်တော်လောက်ဘူး ထင်ရဲ့ ။ ဒီတော့  ညီလေးတို့ဘဲ ဗန္ဓုလသွေး  အပြည့်မွေးပြီး
ကြွက်ထောင်ပုံးမှာ ခရမ်းချဉ်သီးအမှည့် တလုံးထည့်၊ အရှင်တကောင်ရအောင် ဖမ်းနော် ။ အဲဒီ
ကြွက်အရှင်ကို  ရေဖျော်ထားတဲ့ရှိန်းခိုနဲ့  တစ်ကိုယ်လုံးအနှံ့ လိမ်းပြီး   လွှတ်ပေးလိုက် သိလား။
( ၃-၄ ) ရက်အတွင်းမှာ  အထုပ်အပိုးလေးတွေ ကိုယ်စီနဲ့ UN ဒုက္ခသည်စခန်းကို အပြီးပြောင်း
ထွက်ခွာသွားမယ့် ကြွက်တွေကို တွေ့ကြရမယ်ကွ ။ “ ကြွက်မနိုင်လို့ ကျီကိုမီးရှို့” စရာ လိုသေး
လို့လားဟင်။
       အင်း  ရှင်းပြစရာနဲ့ အကြံပြု စရာလေးကျန်သွားသကွယ်။ ကြွက်တွေဘာကြောင့်ပြောင်း
ပြေးရသလဲဆိုတော့ ဖမ်းမိပြီး ရှိန်းခိုလိမ်းပေးလိုက်တဲ့ကြွက်က ရလာတဲ့ ရှိန်းခိုအနံ့ကြောင့်ပေါ့။
ဒဲာဒီအနံ့ကို  ကြွက်တွေက  မခံနိုင်ဘူးလေ ။ အကြံပေးချင်တာကတော့  ကြွက်ထောင်ပုံးထဲက
 ကြွက်အရှင်ကို ဖမ်းပြီး ရှိန်းခိုသုတ်ဘို့ အခက်အခဲရှိရင် ဒီလိုလုပ်ပါလား ။  အသင့်ဖျော်ထားတဲ့
ရှိန်းခိုအရည်ကို ဆံပင်ညှပ်ဆိုင်တွေမှာသုံးတဲ့ စပရေးဘူးထဲထည့်ပြီး ကြွက်ထောင်ပုံးထဲမှာတင်
ကြွက်ရဲ့တစ်ကိုယ်လုံး ရွှဲရွှဲလေးစိုသွားအောင် “အတာကူး” ပေးလိုက်ရင် ရတန်ကောင်းရဲ့ထင်။


No comments:

Post a Comment