Saturday, January 2, 2016

ရေကောင်းမကောင်း စမ်းသပ်မယ်


       ကိုင်း...ညီလေးတို့ရေ။Water Worldဆိုတဲ့ ရုပ်ရှင်ဇတ်ကားတစ်ကားကို ကြည့်ဘူးကြမယ်လို့
ထင်ပါရဲ့။ရေတွေပေါများချက်ကဖြင့်ခြေချစရာကုန်းမြေလေးတစ်လက်မတောင်မရှိဘူးနော်။လူတွေ
ရေပေါ်မှာဖေါင်ဖွဲ့၊ အခြေစိုက်စခန်းတွေဖွင့်ပြီး နေကြရတာလေ။ အင်း.... အဲဒါရုပ်ရှင်ထဲမှာနော်...။
တကယ့်လက်တွေ့မှာ ကမ္ဘာကို သောက်သုံးရေရှားပါးမှုအန္တရာယ်က ခြိမ်းခြောက်လာနေပြီနော်..။
“ ထမင်းအသက် ခုနှစ်ရက်၊ရေအသက်တစ်မနက် ” ဆိုသလိုလူ့ခန္တာကိုယ်အတွက်ရေဟာ အလွန်
ဘဲ အရေးကြီးတယ်။ဒီတော့ သောက်သုံးရေရရှိဖို့ နည်းလမ်းတွေ အမျိုးမျိုးသုံးပြီး ရှာကြတယ်။ ရေ
တွင်းတွေ ၊ ရေကန်တွေ ၊ အ၀ီစီတွင်းတွေ  တူးကြတယ်။ ဆည်တွေဆောက်ကြတယ်။ တခါက စာ
အုပ်တစ်အုပ်ထဲမှာ  ၀င်ရိုးစွန်းဒေသကနေ  ပဲ့ထွက်ပြီး သမုဒ္ဒရာထဲ မျောနေတဲ့ ရေခဲတုံးကြီးတွေကို 
သင်္ဘောကြီးတွေနဲ့ဆွဲပြီး  သုံးကြဖို့အထိ လုပ်ကြမယ်ဆိုတဲ့အကြောင်း  ဖတ်ဖူးခဲ့တယ်။
       ကဲ ကဲ တွင်းကဖြစ်ဖြစ် ၊ ကန်ကဘဲဖြစ်ဖြစ်၊ အ၀ီစီကဘဲလာလာ  အဲဒီရေဟာ  သောက်သုံးဖို့
ကောင်းမကောင်းကို စမ်းသပ်ကြရအောင်။စမ်းသပ်မယ်ဆိုတော့ ညီငယ့် မျက်စိထဲမှာ ဓါတ်ခွဲခန်းနဲ့
ဖန်ပြွန်၊ဖန်ခွက်၊ဖန်ချောင်းတွေကို ပြေးမြင်သွားမလားဘဲ။ ဒါတွေမလိုပါဘူးကွာ။ကိုယ်စမ်းသပ်မယ့်
ရေကို ဖန်ခွက်တစ်ခုထဲမှာထည့်၊ မာလကာရွက်( ၅ ) ရွက်လောက် ခြွေထည့် ၊ ခဏအကြာမှာ ရေ
ရဲ့အရောင်ကိုကြည့်၊ပြာနှမ်းနှမ်းအရောင် ဖြစ်သွားရင်တော့ အဲဒီရေက သောက်သုံးဖို့ မကောင်းဘူး
လို့  သိလိုက်ပေတော့ဗျား ..... ။


No comments:

Post a Comment