Tuesday, January 5, 2016

ပိတောက်ရဲ့ (၃၆၄)ရက်အချစ် (ကဗျာ)


  ပိတောက်ရဲ့ (၃၆၄)ရက်အချစ်

♥   ပိတောက်တစ်ခက်
     ချစ်သက်လက်ဆောင်နှင်း
     အပြုံးချင်းဖလှယ်      
     မောင်မယ်တူတူပျော် ။
♥   ဝသ၁န်ခါ
     မိုးခိုကာတိုးကပ်
     ပါးချင်းအပ်ချမ်းတုန်
     ရင်ခုန်ရာပိတောက်ပင် ။
♥   ပိတောက်ပင်အောက်
     ကြိုရောက်သူသူ့ကေသာမှာ
     သဇင်ပန်ကာကျော့ရှင်း
     နှင်းမှုန်တွေနဲ့လှချင်းပြိုင် ။
♥   ဥသြတွန်ကြူးသည်နွေဦးမှာ
     ခြွေခူးပိတောက်ခက်
     ပေးဆက်ဖို့မျှော်
     သူပေါ်မလာ ။
♥   အော်…..
     တောင်စွယ်နေခိုမြန်း
     မှောင်ရိပ်သန်းပြန်တော့
     ပန်းနွမ်းလေးပိုက်
     ခေါင်းငိုက်စိုက်ချ
     ပြန်ခဲ့ရပြီ
     ဤတွင်ပိတောက်ဇတ်လမ်း
     တခန်းရပ်တော့သည် ။
                                   (နဂါးနိုင်)

No comments:

Post a Comment