♣
စိတ်မချမ်းမြေ့ မကြင်လင်ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းက သင့်ကိုသင်ပျော်ရွှင်
တာ မပျော်ရွှင်တာကို စစ်ဆေးနေဘို့ အချိန်ပိုရနေတာကြောင့် ဖြစ်တယ်။
(ဘားနတ်ရှော)
♣ ဟိတ်ကြီး ဟန်ကြီးနဲ့ ပြောဆို နေသူတွေဟာ ယေဘုယျအားဖြင့် သူရဲဘော အ
ကြောင်ဆုံးသူတွေဖြစ်တယ်။ (ဂျေဂျေရူးဆိုး)
♣ အပြစ်မဲ့သူတစ်ယောက် မတရားခံရတာထက် အပြစ်ရှိသူ ဆယ်ယောက် ထွက်
ပြေးလွတ်မြောက်သွားတာမှ ပိုကောင်းသေးတယ်။ (ဘလက်စတုန်း)
♣ မုသားပြောတတ်သူ အပြစ်ဒဏ်ခံရတာဟာ သူပြောတာကို အများကမယုံခြင်း မ
ဟုတ်ပါ၊သူက ဘယ်သူ့ကိုမှမယုံနိုင်အောင် ဖြစ်ရခြင်းဘဲဖြစ်တယ်။
(ဘားနတ်ရှော)
♣ ခံရမှာကြောက်နေတဲ့သူဟာကြောက်နေသောအရာအားခံလိုက်ရပြီးသူဖြစ်တယ်။
(ဂျွန်စတူးဝပ်မီး)
♣ တိတ်တိတ်နေပါ၊ ဒါမှမဟုတ်ရင်လည်း တိတ်တိတ်နေတာထက်ကောင်းတဲ့
စကားကိုပြောပါ။ (ပိုင်သာရီးရပ်)
♣ ဘာသာရေးမပါတဲ့ သိပ္ပံပညာဟာ ခြေကျိုးနေပြီး သိပ္ပံပညာမပါတဲ့ဘာသာရေးက
မျက်စိကန်းနေတယ်။ (အယ်ဘတ်အိုင်းစတိုင်း)
♣ တန်ဖိုးရှိသူသာလျှင် လူ၌ရှိသောတန်ဖိုးကို သိရှိနိုင်သည်။ (သောမတ်ကာလိုင်း)
♣ သတ္တိရှိသောရန်သူကို မကြောက်ပါနှင့်၊ မာယာဥာဏ်များ လှည့်ဖြားကောက်ကျစ်
သော မိတ်ဆွေကိုကြောက်ပါ။ (အက်ဂါး)
♣ အောင်မြင်ကျော်ကြားသူဖြစ်အောင် မကျိုးစားပါနှင့်၊ တန်ဖိုးရှိသောသူ ဖြစ်အောင်
သာကျိုးစားပါ။ (အယ်ဘတ်အိုင်းစတိုင်း)
No comments:
Post a Comment