Tuesday, January 19, 2016

နနွင်း(Turmeric)စိုက်နည်း


သဘာဝအခြေအနေ
              တောင်ပေါ်မြေပြန့်မရွေး စိုက်နိုင်သည်။ နနွင်းတက်ကို ရေနွးဖျောပြီး နေလှန်းအမှုန့်ပြုကာ
ရောင်းဝယ်ဖောက်ကားကြသည်။ ခူဝါကောင်၊ရွက်လိပ်ပိုး၊ဇာတောင်ကြမ်းပိုးနှင့်လှေးတို့ကျရောက်နိုင်ပါ
သည်။ ခေါင်း၊အတက်တို့ကို ခွဲထုတ်စိုက်ရသည်။
စိုက်ပျိုးပြုစုခြင်း
               စိုက်မြေတစ်ဧကတွင် နွားချေး(၅)စီးချပြီး ထယ်ထိုးမွှေရမည်။(၃၀’x၃’x၉”)ဘောင်များတင်
ပါ။ တောင်ပေါ်ဒေသအတွက်မူ ( ၁’ ) ခြားစိုက်မြောင်းများကို မြေလျောပြင်တွင် ကန့်လန့်တူးပါ။ ခေါင်း
သို့မဟုတ် အတက်ကို( ကြီးလွန်းလျှင် ၂-၃ခုခွဲထုတ်) (၅”-၆”)ခြားပြီး မြုပ်စိုက်ပါ။ စိုက်ပြီးချင်း ရေသွင်း
ပေးရန်လိုသည်။ မြေအစိုဓါတ်အခြေအနေကိုကြည့်ပြီး ရေ ၁-၂ ကြိမ်သွင်းရမည်။
တူးဖော်ခြင်းနှင့်မျိုးထားခြင်း
              စိုက်ပြီး(၇)လကြာလျှင် အရွက်များဝါလာမည်။ နနွင်းတက်များ တူးဖေါ်နိုင်ပြီ။  အတက်များ
များကို ဖဲ့ထုတ်ပြီး ကျန်ရှိသည့်ခေါင်း(အပင်ခြေရင်း၏ မြေတွင်းရှိအပိုင်း၊ ၄င်းမှအတက်များထွက်သည်)
ကို စုဆောင်းကာ အရိပ်ရရာနေရာတွင် ကျင်းတူးထည့်မြုပ်ပါ။ ရေအနည်းငယ်လောင်းထားဖို့ လိုသည်။
နောင်နှစ်တွင် ပြန်ဖော်ပြီး စိုက်ပါ။
မှတ်ချက်။     ။ မြေနေရာအခက်အခဲရှိသူတို့ မိမိတို့အိမ်ဝင်းအတွင်း ၀ါးခြင်းများဖြင့်ထည့်စိုက်နိုင်သည်။
                   (၀ါးခြင်းဖြင့်အပင်စိုက်နည်းကို ဒီမှာ ဖတ်ပါ)

No comments:

Post a Comment