Monday, January 4, 2016

နွားတစ်ကောင်ရဲ့ကိုယ်အလေးချိန်ကိုခန့်မှန်းကြည့်ရအောင်


       အမဲသားမစားဘူးလို့ အရသာမသိပါဘူး။မစားတာက ကိုယ့်အကြောင်းနဲ့ကိုယ်ပါ။ အသား
တောင်မစားတာ သတ်ဖို့ဆို ဝေလာဝေးပေါ့နော်။ ဒါဖြင့်ဘာလို့ရေးနေသေးလဲပေါ့။ သိစေချင်တဲ့
စေတနာရှိတယ်လို့ ကျွန်တော်ဖြေမှာ။ ဒါပေမယ့် သတ်စေချင်တဲ့စေတနာ လုံးဝမပါကြောင်းပါ။
       တိုက်ဆိုင်တုန်း တကယ့်အဖြစ်အပျက်လေးတခု ပြောပြမယ်။ မြို့ရွာအမည်ကိုမရေးတော့
ပါဘူး။လူနာမည်ကိုတော့ လွှဲရေးထားတယ်ဗျ ။သူ့နာမည်က ဦးမဲလုံး။ အသားအရေက နာမည်
ထက်တောင်မဲနေသေး။ သူ့အလုပ်က နွားအငှားသတ်(အမဲပေါ်)တဲ့ အလုပ်။ သတ်ခ နွားခေါင်း
တစ်လုံးရတယ်။ နွားခေါင်းရဲ့ ဂုတ်ပိုးသားလေးပိုပိုသာသာ ပါအောင်ဖြတ်ယူတတ်တယ်။အိမ်မှာ
လည်းစား  အရပ်ထဲလည်း နွားခေါင်းချဉ်ဖတ်လုပ် လည်ရောင်းတယ် ။  အလုပ်ကျွမ်းကျင်လွန်း
တော့  နွားတကောင်ကို  ကြည့်လိုက်တာနဲ့  ပိသာမလွဲအောင် အသားထွက်  ခန့်မှန်းနိုင်တယ်။
ဒါကြောင့်  သူ့ကိုအသားဒိုင်သူဌေးက နေ့စဉ်နွားသတ်ဘို့သူ့ကို ငှားထားလိုက်တယ်။ သတ်ခက
တော့  ထုံးစံအတိုင်း နွားခေါင်တလုံး အပိုင်စားစေပေါ့ဗျာ။  အစပိုင်းတွေမှာတော့  သူမှန်းတဲ့အ
သားထွက်နှုန်းက ကွက်တိ အမြဲရှိနေတော့ သူဌေးကလည်း ကျေနပ်လို့။ ဒီလိုနဲ့ ၄-၅-၆လ ကြာ
လာတာနဲ့အမျှ သူ့မှန်းချက်နဲ့ အသားထွက်က တစ်ပိသာလောက် လွဲလွဲလာတယ်  ။ ကိစ္စမရှိပါ
ဘူး။နဂိုကတည်းကမတန်တဆဈေးနဲ့ဝယ်ထားတာကြောင့် သူဌေးကဘာမှမပြောပါဘူး။နောက်
တဖြေးဖြေးနဲ့ (၂) ပိသာကွာ(၃) ပိသာကွာတာတွေ ဖြစ်လာတယ်။ သူဌေးလည်း ခေါင်းစားလာ
တယ်။ အဖြေရှာလို့မရလည်း ဖြစ်နေတယ် ။ ဦးမဲလုံးကတော့ အေးဆေးပါ။  အမဲသားပိသာချိန်
ဘယ်လောက်ထွက်ထွက် သူနဲ့မဆိုင်။နွားခေါင်းကိုင်ပြီး လေလေးတချွန်ချွန်နဲ့အိမ်ပြန်မြဲ။ တနေ့
သူဌေးက  စိတ်ကူးတခုရတာနဲ့ ချက်ချင်း အကောင်အထည် ဖော်လိုက်တယ် ။ ဦးမဲလုံးတို့ အမဲ
ပေါ်ပြီးတဲ့အချိန်မှာ အသားအားလုံးကို ချက်ချင်းချိန်ခိုင်းလိုက်တယ်။  ခန့်မှန်းတာနဲ့ ( ၂ )ပိသာ
ကွာနေတယ်။လျော့နေတာပေါ့။ နောက်တကြိမ် ပြန်ချိန်ခိုင်းလည်း(၂)ပိသာကွာနေတာဘဲ။ သူ
ဌေး ခေါင်းတဗျင်းဗျင်းကုပ်တယ်။မျက်မှောင်ကျူံ့စဉ်းစားတယ်။ ဘာအဖြေမှထွက်မလာ။ ဒီလိုနဲ့
ဦးမဲလုံးရဲ့ နွားခေါင်းဆီကို မျက်လုံးရောက်သွားတယ်။ တော်တော်ကြာ ကြီးစိုက်ကြည့်နေမိပြီးမှ
တခုခု စဉ်းစားလိုက်မိဟန်နဲ့ နွားခေါင်းပါးစပ်ကို ဖြဲကြည့်လိုက်တော့ လားလား။ နွားပါးစပ်ထဲမှာ
အမဲသား(၂)ပိသာတွဲကြီးရောက်နေတာကိုး..။ ဒီတော့မှ နေ့စဉ်အမဲသား(၁-၂)ပိသာလျော့ရတဲ့
အကြောင်းရင်းမှန်ကို သိသွားတော့တယ်။ဦးမဲလုံးက နွားခေါင်းပြတ်ရဲ့ပါးစပ်ထဲ ထည့်ယူနေတာ
ကိုး ။ ကောင်းရော ။ လူမိသွားတဲ့ဦးမဲလုံး ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တဲ့စကား ကြားချင်ကြ
လားဗျာ။
 “ဟာ...စောက်ကျိုးနဲ၊ ဒီနွားက အမဲသားစားသဟ” တဲ့။
       ကဲ ကဲ နွားတစ်ကောင်ရဲ့ ကိုယ်အလေးချိန်ကိုခန့်မှန်းချင်တယ်ဆိုရင် ပေကြိုးတစ်ချောင်း
နဲ့ အောက်က ပုံထဲမှာပါတဲ့ ပုံသေနည်းတို့ကိုသုံးပြီး အနီးစပ်ဆုံးဖြစ်အောင် တိုင်းထွာခန့်မှန်းနိုင်
ကြကြောင်းပါ ။ တခုတော့ရှိတယ်  နွားရဲ့အစားအစာပေါ်မှာ မူတည်ပြီး အတက်အကျ နဲနဲလေး
တော့ရှိတယ်နော် ။ အေးဗျာ.....ဦးမဲလုံးရဲ့ ပိသာမလွဲ ခန့်မှန်းနည်းလေး သိရင်လဲ ကောင်းသား။
ခက်တာက အဲဒီနည်းကို ဘယ်သူ့မှမပေးဘူးဗျ ဟဲဟဲ ။

No comments:

Post a Comment