Friday, January 1, 2016

အုန်းသီးကြက်သားပေါင်း လုပ်မလား


         အုန်းခြံထဲက  အိမ်မှာနေပြီး အုန်းပင်တွေအောက်မှာ ဆော့ကစားရင်း ကြီးပြင်းခဲ့ရသူမို့ အုန်းပင်၊
အုန်းသီးအကြောင်း အတော်အတန် သိထားခဲ့ပါတယ် ။ ငယ်ဘ၀ထဲက တနေ့မှာ“မင်းအုန်းသီးကြက်
သားပေါင်းစားချင်လား”လို့ အဖိုးကမေးလာတော့ ၀မ်းတသာနဲ့ခေါင်းငြိမ့်လိုက်တယ်။အဲဒီတုန်းက၀မ်းး
သာမှုဟာ အိမ်မှာမွေးထားတဲ့ကြက်တစ်ကောင်အတွက်ဝမ်းနည်းမှုဘဲဆိုတာ နောင်မှသိလိုက်ရတယ်
ဗျာ။ ကဲ လိုက်ထားပါတော့။
       အဖိုးက အုန်းသီးအရင့် ခပ်ကြီးကြီးတစ်လုံးရဲ့ ထိပ်ပိုင်းလေးပုံတစ်ပုံကို ဓါးနဲ့ ရစ်ဖွင့်ပြီး အုန်းရည်
တွေထုတ်ပစ်လိုက်တယ်။ အရိုးမပါကြက်သားသက်သက် ဆီ၊ကြက်သွန်၊ငရုတ်၊ ဆားနဲ့ နယ်ထားတာ
ကို ထိပ်ဖွင့်ထားတဲ့ အဲဒီအုန်းသီးထဲထည့်တယ် ။ ဖွင့်ထုတ်ထားတဲ့အုန်းသီခြမ်းနဲ့ ပြန်အုပ်ပိတ်ပြီး သွပ်
နန်းကြိုးနဲ့ ခပ်တင်းတင်း ရစ်ပတ်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တူး(ခူး)လာတဲ့ ရွှံ့စေးတွေနဲ့ လုံး
(မံ)လိုက်တယ်။  ပြီးရင် မီးခဲရဲရဲနဲ့ (၂)  နာရီကြာအောင်မီးဖုတ်ပါတယ်။ နောက် အအေးခံ အပူကြောင့်
မာခဲသွားတဲ့ရွှံ့ကိုခွဲသွပ်နန်းကြိုးကိုဖြည်တော့ အထဲမှာအုန်းသီးရဲ့အသားတွေမရှိတော့ဘဲ ကြက်သား
ထဲ ၀င်ကုန်တော့တာကိုး။
       အဲဒီကြက်သားပေါင်းကို ပန်းကန်ထဲထည့်ပြီးကျွေးတာ။ ဘာပြောကောင်းမလဲ အုန်းသီးလက်ညှိုး
ထိုး၊ကြက်ကောင်အရှင်လက်ညှိုးထိုးမိမတတ်ပါဘဲ။ အနံ့နဲ့အရသာကို ယနေ့တိုင်မမေ့နိုင်ပေါ့။   ကွယ်
လွန်သွားပြီဖြစ်တဲ့ အဖိုးကိုသတိရလိုက်တာဗျာ........။
                                                                          (နဂါးနိုင်)

No comments:

Post a Comment