ဟင်းရှင်များ
♣ ပင်လယ်ကြီးဟာ
မာယာများတယ် ။
♣ လှည့်စားတတ်တာ
မာယာရဲ့သဘောပါ ။
♣ လှိုင်းကြက်ခွပ်ရှေ့ပြေး
လေနုအေးရဲ့နောက်မှာ
ဧရာမလှိုင်းကြီးဟာ
၀ါးမျိုစရာရှာတတ်တာ ။
♣ ရွှေလသာတုန်း
တိမ်တွေဖုံး
အုန်းအုန်းဒိုင်းဒိုင်း
မိုးကြိုးမုန်တိုင်းလည်းကျတတ်တယ် ။
♣ ပင်လယ်ဟာ
တံငါတွေကိုငါးပေးသလို
အသက်ကိုပြန်ယူဘို့ရာ
မာယာမျိုးစုံရှိတယ်နော် ။
♣ မချစ်သော်လည်းအောင့်ကာနမ်း
၀မ်းရေးအတွက်
အသက်ကိုလောင်းကြေးထပ်
မာယာရပ်ဝန်းထဲဆင်းကြမြဲ ။
♣ စပါးစိုက်ဦးကြီးအား
ထမင်းရှင်များလို့တင်စားရင်
ပင်လယ်ပြင်ကငါး
ဟင်းချက်စားရအောင်
ဆောင်ကျ ဉ်းပေးလာ
ကိုတံငါတွေအား
ဟင်းရှင်များလို့
တင်စားခေါ်ဖို့ကောင်းတယ်ထင်…။
(နဂါးနိုင်)
No comments:
Post a Comment