ဒီ Post ရေးလို့ ကဇော်သမားကြီး ၊ ဇိုးသမားယစ်ထုပ်ကြီးလို့ မထင်စေချင်ပါဘူး ။ ညီ ညီမငယ်
တွေ ဗဟုသုတရစိမ့်ငှာသာ ရည်ရွယ်ကြောင်းပါ။
ဒီတော့ မက်မန်းဝိုင်လုပ်နည်းလေးစလိုက်ကြရအောင်။ မက်မန်းသီး(၈)ပြည်၊ သကြား(၇၅)ကျပ်
သား၊ လေးညှင်းပွင့်(၅)ပွင့်၊ စဉ့်အိုးတစ်လုံး ၊ ပလပ်စတစ်တစ၊ ကြိုးတစ်ချောင်းတို့လိုတယ်နော်။ ပထမ
ဦးဆုံး အိုးထဲကို ရေစင်အောင်ဆေးထားတဲ့ မက်မန်းသီးကို (၄”) အထူထည့်ခင်း၊ အဲဒီအပေါ်မှာသကြား
လက်တစ်ဆုပ်ဖြူး ၊ လေးညှင်းတစ်ပွင့်လောက် ထည့်လိုက်၊ အဲဒီအတိုင်း တစ်ထပ်ပြီးတစ်ထပ်ထည့်ပါ။ သတိထားရမှာက သကြားအားလုံးရဲ့ (၃) ပုံ( ၂ )ပုံ ထည့်ပြီးရင် ကျန်တဲ့( ၁)ပုံကို အိုးရဲ့အပေါ်ဆုံးထပ်မှာ
ထည့်သုံးရမှာလေ ။ အားလုံး ပြီးသွားပြီဆိုရင် အိုးအ၀ကို ပလပ်စတစ်စနဲ့အုပ်၊ ကြိုးနဲ့သေသေချာချာကို
စည်းပြီး အလင်းရောင်နဲကာ အေးမြတဲ့နေရာ ၊ ခဏခဏ အရွှေ့အပြောင်းမလုပ်ရတဲ့နေရာမှာ(၄)လ အ
နည်းဆုံး ထားရပါမယ်။ လစေ့ (ကိုယ်ဝန်မဟုတ်) ရင် ဖွင့်ပြီး အပေါ်ရောက်နေတဲ့ မက်မန်းသီးဖတ်တွေ
ကိုဖယ်ကာ ( ၅ ) မိနစ်လောက် မွှေပေး ၊ အ၀တ်ပါးစတစ်ခုနဲ့စစ်ပြီး ပုလင်းသွတ်နိုင်ပါပြီ ။ နှစ်ချို့ အောင်
ထားနိုင်လေ ၀ိုင်ကောင်းကောင်းရလေလို့ မှတ်ကြဗျား(ဆရာကြီးလေသံဖြင့်)။
ကဲ ညီလေးတို့ရေ...၀ိုင်ကို မက်မန်းသီးနဲ့တင်မကဘဲ သပျစ်သီး၊ ဥသျစ်သီး၊ သီဟိုသီး၊ ...သီး၊...
သီး ၊ ...သီး တွေနဲ့လည်း လုပ်လို့ရတယ်ဆိုတာကို လုပ်နည်းနဲ့တကွ သိပြီးကြပြီဆိုတော့ကာ... .ကိုယ်
တိုင် ၀ိုင်လုပ်ပြီး မသောက်ကြလောက်ပါဘူးနော် ဟဲဟဲ ။
(နဂါးနိုင်)
မက်မန်း ၈ပြီ ကို သကြား ၇၅ ကျပ်သားထည့်တာပါလား
ReplyDelete