Monday, January 4, 2016

ဂျိုင်းချွေးနံ့ဆိုးဒုက္ခ ကင်းကြစေလို



       ထိုင်းကြော်ငြာလေးတစ်ခု ကြည့်ဖူးတယ် ။ Disco Night Club တစ်ခုမှာ  တွေ့ကြတဲ့ကောင်
လေးနဲ့ကောင်မလေး အတူတွဲကကြတယ်။ ကရင်းနဲ့ လက်အပေါ်မြှောက်တဲ့ကကွက် အရောက်မှာ
လက်မြှောက်ကလိုက်တဲ့  ကောင်မလေးကို ဘေးနားက ကနေတဲ့အတွဲတွေ  ကတာရပ်ပြီး ကောင်
မလေးကိုမလိုတဲ့အကြည့်နဲ့ဝိုင်းကြည့်ကြတဲ့အခန်းပါ။ေ ကာင်မလေးလှလို့၊ ကကွက်ဆန်းလို့ လှမ်း
ကြည့်တာမဟုတ်ဘဲ လက်မြှေက်လိုက်တဲ့ ကောင်မလေးရဲ့ဂျိုင်းက အနံ့ဆိုးကြောင့် ဆိုတာကို နှာ
ခေါင်းရှုံ့တဲ့ အခြားကောင်မလေးတွေရဲ့  မျက်နှာနဲ့ သရုပ်ဖော်လိုက်တယ် ။  ကောင်မလေးကရှက်၊
စိတ်ပျက်ခန်း၊ နောက်ပြီးရင် Rollon(ကုန်အမှတ်တံဆိပ်မမှတ်မိတော့)နဲ့ ဂျိုင်းလူးတဲ့အခန်း၊နောက်
အဲဒီကလပ်ထဲမှာ လက်မြှောက်ပြီးကတဲ့ အဲဒီကောင်မလေးနားကို ဘသားချောတွေနှာခေါင်းနဲ့ လာ
ရှူ တဲ့အခန်း စတာတွေနဲ့Rollonကို ကြော်ငြာသွားတာ။
       အကြောင်းကြောင်းတွေကြောင့် ဂျိုင်းချွေးနံ့ထွက်ကြတာပါဘဲ။ တကိုယ်ရေသန့်ရှင်းမှုနဲလေ
အနံ့ဆိုးလေဗျ ။ ပညာရှင်တွေကတော့ ဗက်တီးရီးယားတမျိုးကြောင့် အနံ့ဆိုးထွက်ရတယ်လို့ ပြော
တာဘဲ။ဂျိုင်းကထွက်လာတဲ့ ချွေးရည်ကို အဲဒီဗက်တီးရီးယားက ဓါတ်ပြောင်းစေသတဲ့လေ။အင်း….
ပိုးသတ်ဆေးဗူးကြီး ဂျိုင်းကြားညှပ်ပြီး လျှောက်သွားရမယ့် ကိန်းပါလားနော် ။  ဒီတော့ ဒီအနံ့ဆိုးကို
တို့တွေ တိုးတိုးတိတ်တိတ်ဘဲ ကျိတ်ပြီးဖြေရှင်းလိုက်ကြစို့။
       ပထမဦးဆုံး ဂျိုင်းမှာတလွဲဆံပင်ကောင်းနေတဲ့ ဂျိုင်းမွှေးတွေ ကိုရှင်းပစ်ဖို့ လိုတယ်။ထုံး(ကွမ်း
စားထုံး အဖြူ ) ကို ရေနဲ့ဖျော်၊  ပြီးရင် အနယ်ထိုင်သွားအောင်ထား ၊ အပေါ်က  အရည်ကြည်သက်
သက်ကိုဘဲ ကဲ့ယူပြီး ပုလင်းအလွတ်ထဲထည့်ထား။  အဲဒါနဲ့ဂျိုင်းကြားကို လိမ်းပေးရင် အနံ့အသက်
မထွက်တော့ဘူး။ နောက်တနည်းက ကျောက်ချဉ်ကိုရေဖျော်ပြီးလူးပေးလဲဖြစ်တယ်။ ဒါက လိမ်းဘို့
အတွက်ပါ။ စားဖို့ရာကျတော့ အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့အတိုင်း ကျောက်ဖရုံသီးကို
အမျိုးမျိုးလုပ်ပြီး စားပေးရမယ်။ အမျိုးမျိုးဆိုတာ ဒီလိုပါ။ ဟင်းအဖြစ်ချက်စားတာတို့၊ ကြော်စားတာ
တို့၊ပြုပ်တို့တာတို့၊ အရည်ညှစ်သောက်(ဖျော်စက်နဲ့)တာတို့၊ ကျောက်ဖရုံယိုလုပ်စားတာတို့ကို ပြော
တာပါနော်။
       ကဲ… ညီငယ်၊ညီမငယ်တွေ ဂျိုင်းချွေးနံ့ကင်းကင်းနဲ့ လူထုတွင်းချဉ်းနင်းဝင်ရောက် အောင်မြင်
ပေါက်ရောက်ကြ စေလိုကြောင်းပါဗျား.....။       

No comments:

Post a Comment