Monday, January 4, 2016

ဝက်ခြံပျောက်စေတတ်တဲ့နည်းလေးပါ



       ဇင်ယော်တောင်မျက်ခုံးလေးအောက်က ရွှေသမင်မျက်လုံးလေးတစုံက ရင်ခုန်စရာ၊ကမာ
ပုလဲလေးလို စီချယ်ထားတဲ့ ဖြူဖြူစင်စင်ညီညီညာညာသွားလေးတွေ မပေါ့တပေါ် ငါးခူပြုံးလေး
ကတသက်မမေ့စရာ၊ပိတုန်းရောင်ကေသာနဲ့ လျှောက်လှမ်းဟန်လေးကဆင်မယဉ်သာအာအာ
အာ နှိုင်းစရာရှားလို့ မိန်းကလေးရဲ့ တကိုယ်လုံးကို တိရိစ္ဆာန်အဂါင်္ အစိတ်အပိုင်းတွေနဲ့ ချယ်မှုန်း
လိုက်ကြလေရဲ့ဗျာ။နောက်တာနော်..ညီမလေးတို့ရေ...မျက်နှာဝင်းပပလေးမှာ ၀က်ခြံကျနေလို့
မရွှင်မပျ ဖြစ်နေမှာပ။ အင်းပေါ့ ။ ကောင်းပြီ ပုရိသတွေကလည်း “မ” တွေကို  မျက်နှာကအရင်
စကြည့်တာကလား။ နောက် ကိုယ်ခန္တာအချိုးအဆစ်ကို ဆက်ကြည့်၊နောက်..အာ အာ တော်ပြီ
တော်ပြီ။ ဒီတော့ မျက်နှာလေးတွေကို အမြဲဂရုစိုက်ကြရတာ သဘာဝကျပါတယ် ။ အဲ…၀က်ခြံ
ပေါက်တာကလည်း သဘာဝဘဲလေ ။ ဘာ့ကြောင့် ပေါက်သလဲဆိုတာတော့  ရှင်းပြမနေတော့
ဘူးနော်(အမှန်က မသိလို့ ဟဲဟဲ)။
       ဒီတော့ ညီမလေးတို့ အိပ်ရာမ၀င်မီ မျက်နှာကို ရေသန့်နဲ့သေချာသစ်လိုက်ပါ။ပြီးရင်ကိုကို
လက်ဆောင်ပေးထားတဲ့ မျက်နှာသုတ်ပုဝါလှလှလေးဆီ လက်လှမ်းယူပြီး သုတ်လိုက်ဖို့ စိတ်မ
ကူးနဲ့နော်။ ဒီအတိုင်း သူ့ဟာသူ ခြောက်သွားပစေ သိလား။ ပြီးရင် ခရမ်းချဉ်သီးနဲ့  မျက်နှာအနှံ့
ပွတ်ပေး။ခရမ်းချဉ်သီးဝယ်ရတာအခက်အခဲရှိရင်လည်း သူ့ရဲ့အစား ကြက်သွန်ဖြူ အမွှာကြီးကြီး
တွေကို အခွံနွှာထုထောင်းပြီး ပွတ်ပေးနိုင်တယ်နော်။ (၁)ပတ်တိတိ ညစဉ်ပွတ်ပေးစေချင်တယ်
ကွာ ။ ဒါဆိုရင် ဖေဖေကြီးက အိမ်မှာမွေးဖို့ဆိုပြီး ၀ယ်လာတဲ့ ၀က်ပေါက်စလေးတွေကို ထားဘို့
ရာ ၀က်ခြံမရှိလို့ စိတ်ညစ်သွားမှာ......။

No comments:

Post a Comment