Tuesday, January 19, 2016

ပိန်းဥ(Yam)စိုက်နည်း

သဘာဝအခြေအနေ
              အမျိုးစားပေါင်း များစွာရှိသည် ။ ပိန်းရိုင်းပေါက်သော ဒေသတွင်စိုက်က မျိုးရောနိုင်သည်။
ပိန်ရိုင်းမျိုးတို့ကို အပြောင်ရှင်းရန်လိုသည်။ မြေဆီထက်သန်ပြီး ရေစီးဆင်းမှုကောင်းသောနေရာတွင် ပို
မိုဖြစ်ထွန်းသည်။ ဥခေါင်း(သို့)ဥကိုဖြတ်စိပ်ပြီးစိုက်ရသည်။ မြေကျက်ကိုနှစ်သက်သည်။(မြေကျက်လုပ်
နည်းကို ဒီမှာ ဖတ်ပါ)
စိုက်ပျိုးပြုစုခြင်း
              ( ၆”x၆”x၆”)ကျင်းကလေးများကို (၁’)စီခွာတူးပြီး ခေါင်း၊ဥစိတ်များကို ထည့်မြုပ်ပါ။ အပင်
အမြင့်( ၈”)အမြင့်ရလျှင် နွားချေး၊ မြေကျက်တို့ကို အပင်ခြေပတ်လည်တွင်ထည့်ပြီး မြေတောင်မြှောက်
ပေးပါ။ ပေါင်းမြက်များမှန်မှန်ရှင်းပေးပါ။မြေတောင်မကြာကြာမြှောက်ပါ။ ပိန်းပင်အမျိုးအစားကိုလိုက်၍
(၃)လ မှ (၁)နှစ် အတွင်း တူးဖော်နိုင်သည်။ တစ်ဧက(၃-၅)တန်ထွက်ရှိနိုင်သည်။

No comments:

Post a Comment