Monday, January 4, 2016

ငှက်ပျောတုံးကြီးရဲ့ချစ်ဒုက္ခ (ကဗျာ)


  ငှက်ပျောတုံးကြီးရဲ့ချစ်ဒုက္ခ

♥   ရဲရဲနီတဲ့နှင်းဆီ
     ပိုင်ရှင်ရှိသည်တဲ့ ။
♥   ဖြူဖြူဖွေးဖွေး စံပယ်လေး
     နံပါတ်ပေးပြီးသားတဲ့ ။
♥   သင်းပျံ့မွှေးမွှေး ခရေလေးအား
     ပိုင်ထားသူရှိသတဲ့ ။
♥   ပွင့်ချပ်လှလှ ခတ္တာက
     ၀န်းခပြီးသူရှိသတဲ့ 
♥   အင်း…..
     ပန်းမြိုင်လယ်တကြော
     စုန်ဆန်ဖွေမျောရင်း
     မောလိုက်တာနော်
     ခူးခွင့်မရသော်ကြောင့်
     ပန်တော်ကျစောင့်ရင်းဘဲ
     ရိပ်သာထဲရောက်လုပြီ ။
                                      (နဂါးနိုင်)

No comments:

Post a Comment