Saturday, January 2, 2016

မီးဗျို့ မီး မီး



        “ရန်သူငါးပါးထဲမှာxxx အင်မတန်ဆိုးဝါးလှစွာ xxx မညှာတာဘယ့်သူ့မှ မထောက်စာxxx
သူခိုးဓမြထက်ဆိုးတဲ့ရန်သူဟာxxxဤဇဗ္ဗူတစ်ခွင်မှာxxx ရန်သူမီးကို အစဉ်အမြဲသတိပြု ပါxxx
        ၀မ်းနည်းစရာကောင်း လောက်အောင် တွေ့မြင် ရမှာ xxx  အိုး ၊  အိမ်အခြေမဲ့xxအနေမဲ့
အောင်သာxxx မီးမရိုသေသူတစ်ဦးကြောင့် ကုန်ဆုံးခဲ့တဲ့ အိမ်ပေါင်းများစွာxxxငွေသပြာ ကဋေ
ကဋာ နှစ်စဉ်အမြဲပါ xxx  အဲဒီမီးကိုတော ရှောင်ကွင်းဘို့ရာ ကြိုတင်ကာ ကြိုတင်ကာ ထာဝစဉ်
သတိထားပါxxx       
မီးဘေးရှောင်ဗျို့ မလောင်ခင်တားကြပါxxx ရန်သူထိုမီးကို အကြွင်းအကျန်ထားရင်မှားကြလိမ့်
မည်xxxအမှိုက်ကစလောင်တတ်တာမို့ အိမ်တွင်းအိမ်ပြင် သန့်ရှင်းစေချင်တာ xxx လူတိုင်း လူ
တိုင်း မီးသတိပြုပါဗျာxxx”
       ပွင့်လင်းရာသီ  ရောက်လာရင်ဖြင့်  ဦးထွန်းရွှေကြီး  လော်(အသံချဲ့စက်)ထဲက ဒီလိုအော်
နေကျဘဲ ။ ဟိုတုန်းကဆို အရံမီးသတ်ယူနီဖောင်းပြာပြာတွေနဲ့ လူတွေ ရပ်ထဲရပ်ရွာထဲ မီးချိတ်
မီးကပ်စစ်တာ ပြန်သတိရမိတယ် ။ ကိုယ့်အိမ် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  စေတနာ့
၀န်ထမ်းလာလုပ်တာတောင်မနှစ်မြို့တဲ့သူအချို့ကိုလည်း တွေ့ဘူးရဲ့။ဒဏ်ရိုက်ခံရမှာကြောက်
လို့သာလုပ်ရတယ် မီးချိတ်ဆိုလည်း ဆံပင်မွှေးလောက်တောင် အလုံးမတုတ်တဲ့ သွပ်ကြိုးပျော့
လေးနဲ့ကွေး၊နွားကျောင်းသားကိုင်တဲ့ နွားရိုက်တုတ်လောက်တောင်မရှည်တဲ့ လက်သန်းအရွယ်
၀ါလုံးကလေးမှာချည်နဲ့၊ မီးကပ်ဆိုရင်လည်း သံကြေးတက်ဆွေးမြေ့ပေါက်ပြဲနေတဲ့ အိမ်မိုးသွပ်
ဟောင်းပြားလေးညှပ်ပြီးကပ်ထားကြပုံလေးများစိတ်မချမ်းမြေ့ဖွယ်ရာပေ။အော်လူတွေလူတွေ။
       ခုဆိုရင် မီးသတ်ဦးစီးဌာနက မီးသတ်ဗူးနီနီလေးတွေ လိုက်ဝေတာတွေ့ရတယ်။သူ့သတ်
မှတ်ကာလပြည့်သွားရင် ဗူးသစ်တွေနဲ့လိုက်ချိန်းပေးတာလဲတွေ့ရတယ်။ ကောင်းပါတယ်။ ညီ
ငယ်ရေ......တို့တွေဟာ မြန်မာတွေကွလို့ လက်မထောင်ချင်ကြသားမဟုတ်လား ။ ဒီတော့ဒို့တ
တွေလည်း မီးသတ်ဆေးဗူး(အဲ) မီးသတ်ဆေးပုလင်း လုပ်ကြစို့ ။ ဆား(၇.၅) ပိသာ၊ ဇ၀က်သာ
 (၃.၂) ပိသာတို့ကို ရေ(၈)ဂါလံနဲ့ ရောမွှေမယ်။ဒါ..ငါတို့မြန်မာကွလို့လက်မထောင်ချင်တဲ့ ငါ့ညီ
တွေသောက်ထားတဲ့ မြန်မာဘီယာပုလင်းခွံတွေထဲသွပ်၊ ပုလင်းဝကို ပလပ်စတစ်စနဲ့အုပ်၊ သား
ရေကွင်းနဲ့တင်းတင်းပတ်ထားရင် မီးသတ်ဆေးပုလင်းတွေရပြီကွ။ မီးလောင်ရင် ပုလင်းနဲ့ပေါက်
ပြီးခွဲပစ် မီးငြိမ်းတယ်။ ကဲ  မြန်မာညီလေးတွေရဲ့ မြန်မာဘီယာပုလင်းခွံတွေ အသုံးဝင်တယ်ဆို
တာ ဖေဖေကြီးသိသွားရင် ဘီယာမူးလာတဲ့ မောင်ရင့်ကို ဆူတော့မှာမဟုတ်ဘူး။တစ်ခုတော့ ရှိ
တယ်။  ဘီယာပုလင်းခွံတွေအစွမ်းကို  သိသွားပြီးပုလင်းခွံများများရအောင် သူပါလိုက်သောက်
နေမှဖြင့် အင်း...........တတ်နိုင်ဘူးကွယ်။
       (မှတ်ချက်-  ဒီPostကြောင့်  မြန်မာဘီယာများ ပိုမိုရောင်းချရလို့ လူကြီးမင်းများမှ ဂုဏ်ပြု
 ပွဲတရပ် ကျင်းပပေးမယ်ဆိုလျှင် ၀မ်းနဲစွာ ငြင်းပယ်မှာဖြစ်ကြောင်း ကြိုတင်, တင်ပြထားအပ်ပါ
တယ် ဟဲ ဟဲ)
                           (နဂါးနိုင်)

No comments:

Post a Comment