Tuesday, January 19, 2016

ချင်း(ဂျင်း)[Ginger]စိုက်နည်း

သဘာဝအခြေအနေ
              မြေမရွေးစိုက်နိုင်သည်။အတက်များကိုခွဲစိုက်သည်။ နေရောင်ကောင်းစွာရပြီး မြေဆီထက်
သန်ကာ အစိုဓါတ်ထိမ်းနိုင်သည့်နေရာကို နှစ်သက်သည်။ထွက်ရှိလာသောချင်းတက်များကို ဈေးကွက်
မပို့နိုင်သေးမီ အရိပ်အောက်တွင်သဲခင်းပြီး အပေါ်မှာဖြန့်ထားသိုလှောင်ပါ။  ခူဝါကောင်၊ရွက်လိပ်ပိုး၊ဇာ
တောင်ကြမ်းပိုးနှင့် လှေးတို့ကျရောက်နိုင်သည်။
စိုက်ပျိုးပြုစုခြင်း
               စိုက်ခင်းကို ထွန်ရေးညက်စွာထွန်ပါ။ ( ၁.၅’ ) ခွာစိုက်ဘောင်များဖော်ပြီး တစ်ဧကအတွက်
နွားချေး( ၅)စီး၊ အမိုနီယမ်ဆာလဖိတ်( ၁၀၀)ပေါင်ထည့်ပါ။ ချင်းတက်များကို( ၉”)စီခြားကာ ( ၃”)မြုပ်
စိုက်ပါ။ တနှစ်အတွင်း အနိမ့်ဆုံး(၂)ကြိမ်ပေါင်းမြက်ရှင်းပါ။ စိုက်ပြီး(၇)လကျော်လျှင် တူးဖော်နိုင်သည်။
ချင်းတက်ကြီးကြီးလိုချင်ပါက (၂-၃)နှစ်ထားပြီးမှ တူးဖော်ပါ။
မှတ်ချက်။     ။ မြေနေရာအခက်အခဲရှိသူတို့ မိမိတို့အိမ်ဝင်းအတွင်း ၀ါးခြင်းများဖြင့်ထည့်စိုက်နိုင်သည်။
                   (၀ါးခြင်းဖြင့်အပင်စိုက်နည်းကို ဒီမှာ ဖတ်ပါ)

No comments:

Post a Comment