Saturday, January 2, 2016

မိုးခါးရေနှင့် ခွက်ငယ်လေး (ကဗျာ)



  မိုးခါးရေနှင့် ခွက်ငယ်လေး 

   ပြာပြာ ၀ါဝါ နီနီ
     မျက်ရည်မြစ်ရေ
     သောက်သူတွေက
     ငါ့ကိုမုန်းကြတယ် ။
   ငါက
     မျက်ရည်မြစ်မှာ
      ဆည်ကာတာ ဆောက်သူကိုး…။
  အားမတန် မန်လျော့
     အားပျော့သွားသူကိုမှ
     ၀ိုင်းဟားတတ်သူတွေက
     ငါ့ကိုမုန်းကြတယ် ။
  ငါက
     ပုဆိုးၿခံဳထဲလက္သီးဆုပ္က
     ကြိုတင်တရားပြ
     အဆုပ်ဖြေပေးတတ်တာ
     သူတို့က မသိရှာ…။
 ငါက
     ပုဆိုးခြုံထဲလက်သီးဆုပ်က
     အဃာတ ပါးပြင်းမထောင်ခင်
     ကြိုတင်တရားပြ
     အဆုပ်ဖြေပေးတတ်တာ
     သူတို့က မသိရှာ…။
  ငါက
     ကြီး၊ တူ၊ ငယ်
     ဘယ်လိုဆက်ဆံ
     သဘောမှန်လွန်းတာကိုး…တဲ့ ။
 ဒီတော့ ငါ့ကို
     လိုလိုလားလား
     ညီညီညွတ်ညွတ်
     သူတို့ပြောလွှတ်တဲ့စကား
     မင်းဟာ “အရူးလား” တဲ့…။
                                        (နဂါးနိုင်)

No comments:

Post a Comment