Monday, January 4, 2016

အရက်ဖြတ်ဆေး


       “ဟေ့ကောင်   မင်းယောက်ျားမဟုတ်ဘူးလား ။ ရော့တခွက်ချလိုက်” ။ “ဟေ့ကောင်မှတ်
ထားကွ၊ လက်ဖက်ရည်ဆိုင်ဆိုတာ အတင်းပြောတဲ့နေရာ ဒို့အရက်ဝိုင်းမှာ အမှန်တရားကို မင်း
ရှာဖွေနိုင်တယ်ရော့ တခွက်ချလိုက်”။ “ဟေ့ကောင် မင်းက ကိုယ့်ရည်းစားရဲ့ ပါးလေးကိုတောင်
မှ မနမ်းရဲဘူးဆိုတော့အတော်သွေးကြောင်တဲ့ကောင်ဘဲ ရော့ တခွက်ချ ပြီးသွားတွေ့ ဒါ ရဲဆေး
ဘဲ”။“ဟေ့ကောင်လေး အရက်သောက်နေသေးသရွေ့ သူ့ကို မမျှော်လင့်ပါနဲ့တော့ ဆိုပြီး ဖြတ်
သွားတဲ့  ကောင်မလေးအတွက်နဲ့များ ရင်ကွဲနာကျနေရတယ်လို့ ၊ နေကွယ်ရင်  လထွက်မှာပေါ့
ရော့ တခွက်ထပ်ချလိုက် ဒါဖြေဆေးကွ” ။ “အကိုကြီး ကျွန်တော့်ကို ပိုက်ဆံနဲနဲလောက် ချေးပါ
လား ကျွန်တော်မသောက်ရရင် သေလိမ့်မယ်”
       တဆတ်ဆတ် တုန်ယင်နေတဲ့ လက်ဖ၀ါးဖြန့်နေသူ  သူ့နောက်ကျောဘက်  ကျွန်တော့်အ
ခန်းနံရံက နာရီကိုကြည့်လိုက်တော့ မနက် ၆း၃၀ နာရီတဲ့။ သြော်...ဒီလောက်တောင် ဖြစ်သွား
မှကိုး။ ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းတိမ်းနေပါပေါ့လား။  တုန်တုန်ယင်ယင်ဖြန့်ထားတဲ့ သူ့လက်ဝါး
ထဲကို ပိုက်ဆံထည့်ပေးလိုက်တယ်လို့ ထင်မိကြမယ်မဟုတ်လား။မပေးလိုက်ပါဘူး။ သူ့ကိုခဏ
ထိုင်ခိုင်းထားပြီး ခြံဝင်းထဲက သံပုရာပင်ကြီးဆီဆင်းခဲ့လိုက်တယ်။ သံပုရာပင်ကြီးဆီက အမြစ်
(၃)(၄)မြစ်ကိုတူး၊ အခေါက်ကိုလက်တဆုပ်စာ ခွာယူခဲ့တယ်။အဲဒါတွေကိုရေစင်စင်ဆေးပြီး အိုး
သန့်သန့်နဲ့(၃)ခွက်(၁)ခွက်တင်ကျိူ လိုက်တယ်။ ဆားနဲနဲခပ်ပြီး ဖိုပေါ်ကချလိုက်တယ်။ ခပ်နွေး
နွေးလေးဖြစ်မှ အကြမ်းပန်းကန်တလုံးနဲ့အပြည့်ထည့်ပြီး သူ့ကိုတိုက်လိုက်တယ်။နားရက်လည်း
ဖြစ်နေတော့ သူ့ကိုအိမ်မှာဘဲဆွဲထားလိုက်တယ်။ငယ်ကြောက်ဆိုတော့လည်းသူ့ခမျာ ဧည့်ခန်း
ထဲကခင်းထားတဲ့ဖျာပေါ်မှာ ဟိုလှိမ့်ဒီလှည့်နဲ့ လှဲနေရလေရဲ့။ နေ့လည်ခင်းမှာတခွက် ထပ်တိုက်
လိုက်တယ်။ ညတခွက် ထပ်တိုက်တယ်။ အဲဒီညမှာ  သူရောကျွန်တော်ပါ  မအိပ်လိုက်ရပါဘူး။
နားရက်(၃) ရက် ဆက်တိုက်ရတဲ့ကျွန်တော် မအားရမနားလိုက်ရပါဘူး။ (၄)ရက်မြောက်မနက်
မှာ  သံပုရာမြစ်ခေါက်ပြုတ်ရည် တစ်ဂျိုင့် ထည့်ပေးပြီး သူ့ကို အိမ်ပြန်ခိုင်းလိုက်တယ် ။  တရား
ဟောလိုက်ရလို့လည်း ကျွန်တော်အတော်ဖားသွားတယ်ဗျာ...။

       နောက်တော့  ၀ါတွင်းကာလတခုလုံးနီးပါး  နယ်လှည့်သွားလာနေရလို့  သူ့နဲ့ မဆုံဖြစ်ကြ
တော့ပါဘူး ။  ဒီလိုနဲ့ ၀ါကျွတ်သွားပြီး ကျွန်တော်ပြန်နားတဲ့ နေ့တနေ့မှာ  သူ  ဖိတ်စာလေးတစ်
စောင် လက်မှာကိုင်ပြီး  ပေါက်ချလာတယ် ။ သူ့ပုံစံက နောက်ဆုံးတွေ့ခဲ့ချိန်ကလို  စုတ်ချာချာ
မဟုတ်တော့ ။ ၀လို့ ဖြိုးလို့ ကြည်လို့ ရွှင်လို့။ “ကျွန်တော် အရက်ဖြတ်လိုက်လို့ ရည်းစားက ပြန်
လက်ခံလိုက်ပြီ အကိုကြီး၊ ဒါ အကိုကြီးရဲ့ ကျေးဇူးကြောင့်ပါ၊ ဒါက သူနဲ့ကျွန်တော်ရဲ့  လက်ထပ်
မင်္ဂလာဖိတ်စာပါ” တဲ့။      ကောင်းလေစွတကား...။

No comments:

Post a Comment