Monday, January 4, 2016

အဆီပြန်တဲ့မျက်နှာ

       ရာသီဥတုအေးနေရင် တော်သေးရဲ့။ နဲနဲပူလာရင် ချွေးတွေနဲ့အတူ မျက်နှာမှာလိုက်ထွက်လာ
တာတော့ အဆီတွေပေါ့။ မျက်နှာအဆီပြန်တာပေါ့နော်။ တော်တော့်ကို စိတ်ကသိကအောက်  ဖြစ်
ကြရတာကလား ... ဗျာ ။ ယောကျာ်းတွေရဲ့ မျက်နှာဆီပြန်နေတာကြည့်ပြီး  အဓိပ္ပါယ်ဖော်ပုံတွေက
ကြောက်စရာကိုကောင်းနေတာ။ ဘာကြီးနှာကြီးတဲ့လေ။ “လှေနံဓားထစ်” သမားတွေပေါ့ဗျာ ။ ဘာ
ဘဲပြောပြော လူတွေဟာ ကိုယ့်ခန္ဓာရဲ့ သဘောသဘာဝအတိုင်းဘဲ  ရှိကြလေတော့  အပြစ်မဆိုကြ
နဲ့ပေါ့ ။ အဆိုးထဲက အကောင်းဆုံးဖြစ်တဲ့ လက်ဆောင်တခု ရထားတယ်  ဆိုတာတော့ သိသူနဲကြ
မှာပါ ။  ခန္ဓာကိုယ်က  မလိုအပ်တော့တဲ့  အဆီတွေကို မျက်နှာတို့  အခြားအရေပြားတွေကတဆင့်
ထုတ်ပြစ်လိုက်တော့  သွေးလမ်းကြောင်းထဲမှာ  ဒုက္ခပေးနိုင်ခြေ  နဲသွားတယ်လို့  ပညာရှင်တွေက
ပြောကြတယ် ။ ၀မ်းသာပါတော့နော် ။  ဒါက သဘာဝတရားကြီးဆီက  အကြီးမားဆုံးလက်ဆောင်
ရတာဘဲမဟုတ်လား .....။
       ကဲပါ အဆီပြန်နေတဲ့မျက်နှာလေးကိုထိန်းကြရအောင်နော် ။ နည်းလမ်းလေးက  လွယ့်လွယ်
လေး။ မျက်နှာသစ်မယ့်ရေထဲကို ရှောက်သီးရည်(ဒါမှမဟုတ်)သံပုရာသီးရည်နဲနဲလေးထည့်ပြီး သစ်
ပေးကြပါနော်။ သူများတွေထက် ပိုမိုစိုပြေ၀င်းပတဲ့ မျက်နှာလှလှလေးဖြစ်လာတာကြောင့် စိတ်ချမ်း
သာကြရလိမ့်မယ်။ မကြာမကြာ သစ်ပေးကြနော်။

No comments:

Post a Comment