Monday, December 28, 2015

နွေရာသီမှာ ဘူးပင်စိုက်မလား


           "ဗူးသီးမှအရီးတော်"
          "ဗူးသီးစင်ခံ လင်ကောင်းမှစံ"
          "ဗူးဆို ဖရုံမသီး"
          "ဗူးလေးရာ ဖရုံဆင့်"     
နွေမှာစိုက်ဖို့ကျင်း အကျယ် ၂.ပေ x အနက် ၂.ပေကို မိုးအကုန်ဆောင်းအကူးထဲကတူးထားပြီး သစ်ရွက်
ခြောက်တွေ မြေဆွေးတွေထည့်ပြီး မြေနှပ်ထားဘို့လိုပါတယ်။ စိုက်ဖို့တစ်ပါတ်အလိုမှာနှမ်းဖတ်အမှုန့် ဒါမှ
မဟုတ်ဆန်ကွဲသင့်သလိုထည့်ပြီးရေလောင်းနှပ်ထားပါမယ်။အစေ့တိုက်ရိုက်မြုပ်စိုက်မယ်ဆိုရင်တော့ အ
စေ့ကောင်းကောင်းတွေကို ရေတစ်ညစိမ်ပြီး ပြင်ထားတဲ့ကျင်းမှာ၂"အနက်မြုပ်ပြီးစိုက်ရပါမယ်။ပျိုးထောင်
စိုက်ဘို့ဆိုရင်တော့ မစိုက်ခင်တစ်လကြိုပြီးပျိုးထောင်ပါ။ပျိုးသက်တစ်လသားရှိတဲ့ ရွေ့စိုက်ရမယ့်အပင်ရဲ့
အမြစ်ပိုင်းမြေတွေကို လင်းနို့ချေးနဲနဲသုတ်ပေးနိုင်ရင်ပိုကောင်းပါတယ်။ မြေကျင်းပြင်ကြိုတင်ပြင်ထားခြင်း
မရှိရင်တော့ ချက်ချင်းကျင်းတူးပြီး မြေဆွေး၊ မြေကျက်တွေနဲ့အတူ ပုလဲဓါတ်မြေသြဇာ ဗူးဝက်ခန့်ကို မြေ
စာပြန်ဖြည့်ပြီးတဲ့ ကျင်းနှုတ်ခမ်းပတ်လည်မှာထည့်ပေးပါ။
ရေအလွန်ကြိုက်တယ်ဆိုပေမယ့် အပင်ရင်းမှာရေအမြဲဝပ်နေရင် အမြစ်ပုပ်ပြီးသေတတ်တယ်။ ခေါင်ညွန့်
ကလွဲပြီး မသန်တဲ့ဘေးတက်တွေကို ဖြတ်ပေးမှအသီးပိုတင်တတ်ပါတယ်။ အရွက်ကြမ်းကြီးတွေကိုလည်း
တတ်နိုင်သလောက်ချွေပေးသင့်တယ်။တချို့က အပင်ခြေရင်းကနေ၈"အကွာကမြေသားလေးနဲနဲယက်ပြီး
ဆန်ကွဲနို့ဆီဗူး ၂ လုံးစာထည့်ဖုံးပြီ အသီးပိုတင်စေကြပါတယ်။ တချို့က တီဆူပါနဲ့ပုလဲ ဓါတ်မြေသြဇာနှစ်
မျိုးကိုရေဖျော်ပြီး အပင်ရင်းရဲ့ ၈"ပတ်လည်မှာ လောင်းကြပါတယ်။

No comments:

Post a Comment