Monday, December 28, 2015

ငှက်ပျောပင်နဲ့ပါတ်သက်တာလေးတွေ

 ငှက်ပျောကဆုန် ၊ ဘူးနယုန်"   တဲ့။
ငှက်ပျောကို မိုးဦးကျမှာ သားတက်ခွဲပြီး စိုက်ရတဲ့ အပင်မျိုးပါ။ သားတက်ရဲ့ခေါင်းက အမြစ်ပွားလေးတွေကို
ပြောင်အောင် ကတုံးရိတ်ရမယ်။ ဒီလိုမလုပ်ရင် အသီးမှာ အစေ့ပါတတ်တယ်။ ငှက်ပျောခိုင်ထွက်လာပြီးလို့
ငှက်ပျောဖူးကိုစားဖို့အတွက် လူအများစုကအဖူးချိုးပြီး ဒီအတိုင်းထားလိုက်တာမှားတယ်။ ချိုးလိုက်တဲ့နေရာ
က ထွက်နေတဲ့ အစေးတွေဟာ အသီးကိုအားပျော့သွားစေတယ်။

အသီးမထွားဘူးပေါ့။ ဒီတော့ အဖူးချိုးပြီး
တဲ့ ရိုးတံထိပ်မှာ အစေးတိတ်သွားအောင်လုပ်သင့်တယ်။ လုပ်နည်းအမျိုးမျိုးထဲမှာ သံပြားကိုအပူပေးပြီး ရိုး
တံထိပ်မှာ ကပ်လိုက်တာပါဘဲ ။ ငှက်ပျောခိုင်ခုတ်ဖို့ ပင်စည်ပိုင်းတဲ့အခါ အလွယ်တကူဘဲ ပင်စည်အလယ်
က ပိုင်းလိုက်ကြတာပါဘဲ။ ဒါဟာ ဖြတ်လိုက်တဲ့အဖျားပိုင်းကနေပုပ်ပြီးပိုးဝင်တယ်။ ပြီးတော့ အခြားပင်တွေ
ကို ကူးဆက်စေတဲ့အတွက် အရင်းကနေဘဲပိုင်းသင့်ပါတယ်။
ငှက်ပျောသီးအစိမ်းကို မြန်မြန်မှည့်အောင်လုပ်တဲ့နည်းတွေ အများကြီးပါဘဲ။ သေတ္တာထဲထည့်၊60Wမီးလုံး
တစ်လုံးတညလုံးထွန်းရင် မှည့်မြန်တယ်။ ပလပ်စတစ်အိတ်အထူထဲအခိုင်လိုက်ထည့်ပိတ်ပြီးလည်း အမှည့်
မြန်စေတယ်။ အခိုင်ကို အိမ်သုံးဆားနဲနဲထည့်ပက်ပေးပြီး မြွေရေခွံအိပ်ထဲသွပ်ထားရင် ၂/၃ ရက်အတွင်းဘဲ
မှည့်စေတယ်။

No comments:

Post a Comment