အ,စည်းအ,ဝေး
♣ အစည်းအဝေးတခုကို
ပါရဂူတွေခွဲစိပ်ကုသလို
ခွဲခြမ်းစိပ်ဖြာသရုပ်မခွဲဘူး ။
♣ အစည်းအဝေးတခုကို
ကွမ်းယာဆိုင်ကဆေးရောင်းပေးသလို
မှန်းဆသရုပ်ခွဲကြရအောင် ။
♣ အစည်းအဝေးတခု
ပြု ဖွယ်ရာ အမှု
လုပ်စရာ တခု
သိဖွယ်ရာ အစု…တို့ကို
၀ိုင်းပြု ၀ိုင်းရှင်း
ယိုင်းပင်းတာလို့မြင်တယ် ။
♣ အစည်းအဝေးတခု
သိမှုက
ငါ့တယောက်ထဲမှာဘဲရှိ
မသိသူကအများ
ထင်မှတ်ထားပြီးလုပ်ရင်
ကျူရှင်တက်တာနဲ့ဘာထူးတုန်း ။
♣ ဒါနဲ့စကားမစပ်
တေးမှတ်ထားတာလေးတခုက
အစည်းအဝေးများလွန်းလို့
အစည်းအဝေးအရေအတွက်လျော့ချရေး
အစည်းအဝေးတခုလုပ်သတဲ့ ။
(နဂါးနိုင်)
No comments:
Post a Comment