နှစ်ခါပြန်မကြည့်တဲ့ ဗီဒီယိုဇတ်ကားများ
♣ သမီး
ဖေကြီးလက်သီးဆုပ်ထဲ
ဘာရှိလဲသိချင်လား ။
♣ ဘာဆိုတာသိချင်စိတ်
သမီးမျက်ဝန်းရိပ်မှာ
တဖိတ်ဖိတ်ထင်လာ ။
♣ ပြပါပြပါ
ကြည့်ချင်လိုက်တာ
အတင်းပူဆာ ။
♣ အံမာ အံမာ
အလကားတော့မပြနိုင်ပါ ။
♣ ဒါဆိုသမီးမှာ
ကျပ်ငါးရာရှိတာယူလိုက်ပါ
ပြပါပြပါဖေကြီးရာ ။
♣ အံမာအံမာ ငွေငါးရာ
မက်လောက်စရာမရှိ
မပြဘိ ။
♣ ဒါဆို တစ်ပတ်
မုန့်ဖိုးဖြတ်လေ ။
♣ ဟေ ဟေ ဟေ
တပတ်စာမုန့်ဖိုးငွေ
နဲလွန်းပေ ။
♣ ဒါဆို နှစ်ပါတ်
မုန့်ဖိုးဖြတ်ကာ
ကြည့်ခွင့်ပေးပါ ။
♣ အဖေခေါင်းရမ်း
သမီးအာသာငန်း ။
♣ ဒါဆို သုံးပါတ်
တစ်လ နှစ်လ
သုံးလ ရမရ ။
♣ ဒီထဲမှာ
သမီးတခါလေးမှ
မတွေ့ဖူးသေးတဲ့
ပစ္စည်းလေးမို့
သုံးလဖို့မုန့်ဖိုးထက်
ထပ်တက်ပေးအုန်း ။
♣ သမီးခေါင်းကုပ်
မျက်မှောင်ကျူံ့
လက်သီးဆုပ်ထဲကအရာ
(၆)လစာမုန့်ဖိုးနဲ့လဲကြည့်ပြီ ။
♣ ဖြေးဖြေးချင်းဖြေပြ
လက်သီးဆုပ်ထဲကအရာဟာ
မတ်စေ့ကလေးတစ်စေ့ပါ ။
♣ သိချင်တာသိ
ကြည့်ချင်တာကြည့်ပြီး
ထွက်သွားတော့မယ့်သမီးအား
ဖေဖေတားလိုက်တယ် ။
♣ ပြီးရင်
စောစောကမတ်စေ့အား
အဲဒီလက်ဝါးနဲ့ဘဲပြန်ဆုပ်
သမီးကိုမေးခွန်းထုတ်ပြန်တယ် ။
♣ သမီး
ဖေကြီးလက်သီးဆုပ်ထဲ
ဘာရှိလဲသိချင်လား ။
♣ သိသားဘဲဟာ
မတ်စေ့တစေ့ပါ ။
♣ ကြည့်ချင်သေးရင်
ဈေးလျှော့ပေးမယ်
တလစာမုန့်ဖိုးဖြတ်မှာကွယ် ။
♣ သမီးခေါင်းရမ်း
ဖေပြုံးသန်း ။
♣ ထပ်လျှော့ပေးမှာ
တစ်ရက်စာနဲ့သာ
လဲပြီးကြည့်ပါ ။
♣ ချစ်သမီးခေါင်ရမ်း
ဖေကြီးပြုံးသန်း ။
♣ ဒါဆိုလဲ
ငါးရာထဲသာ
ပေးကြည့်ပါ ။
♣ No No နဲ့သာ
သမီးခေါင်းခါ ။
♣ ဒါဆိုသမီးရာ
အလကားသာ
ကြည့်ကာသွားပါ ။
♣ ဟာ ဟာ ဟာ ဟာ
ကြည့်ပြီးသားမို့ပြန်မကြည့်ပါ
ရှိပါစေတာ့သွားပြီနော့ ။
♣ ဖေကြီးဘာဆိုလို
သမီးပျို
အလိုလိုနားလည်လာလိမ့်ထင် ။
♣ အော်…..
မမြင်ရခင်
ကြည့်ကြချင်
မြင်ပြီးပါသော်…..။
♣ အေး …
ဖော်ကြ ဖော်ကြ ရှိသမျှကို။
(နဂါးနိုင်)
No comments:
Post a Comment