နှစ်ရှည်ခံ သစ်သီးဝလံပင်များစိုက်ပျိုးရန်အတွက် စိုက်ကွက်ဖော်ရာတွင် တြိဂံစိုက်စနစ်ကို
သုံးသင့်သည်။ သာမန်အတန်းကွက်ဖော်စနစ်ထက် ဧက၀င်အပင်အရေအတွက် ပိုမိုရနိုင်သောကြောင့်
တြိဂံစိုက်စနစ်ကို သုံးသင့်ခြင်းဖြစ်သည်။ တြိဂံစိုက်စနစ်တွင် စိုက်ပင်တို့၏ အကွာအဝေးအားလုံး တူညီ
ကြသည်။သာမန်အတန်းဖော်စနစ်ဖြင့်စိုက်သောအပင်တို့သည် တစ်တန်းချင်းအတွင်း အကွာအဝေးတူ
ညီမည်ဖြစ်သော်လည်းအခြားကပ်လျှက်တန်းမှအပင်တို့နှင့်အကွာအဝေးမတူနိုင်ပါ။ဥပမာအားဖြင့် သာ
မန်အတန်းဖော်စနစ်အရ တစ်တန်းနှင့်တစ်တန်း(၂၀’)၊တစ်ပင်နှင့်တစ်ပင်(၂၀’)ခွာစိုက်သော ရှောက်ချို
စိုက်ခင်းတွင် ပထမတန်း၏အပင်(၁)နှင့်(၂)တို့သည် (၂၀’)ကွာမည်ဖြစ်သည်။ ထို့အတူ ဒုတိယတန်း၏
အပင်(၁)နှင့်(၂)တို့သည်လည်း (၂၀’)ကွာမည်ဖြစ်သည်။ ထို့နည်းတူ ပထမတန်း(၁)(၂)(၃) စသည့်အ
ပင်တို့သည်လည်းဒုတိယတန်း၏အပင်(၁)(၂)(၃)တို့နှင့် အကွာအဝေးတူကြမည်။သို့သော် ပထမတန်း
၏ နံပါတ်(၁)ပင်နှင့် ဒုတိယတန်း၏နံပါတ်(၂)အပင်အကွာအဝေးမှာမူ(၂၀’)ကျော်သွားပါမည်။(ပိုက်သာ
ဂိုရသီအိုရီအရကြည့်ပါရန်)။အတန်းကိုဗဟိုပြုအကွက်ဖော်ထား၍ဖြစ်သည်။တြိဂံစိုက်စနစ်တွင်မူ အပင်
ကိုဗဟိုပြုထားသောကြောင့် အပင်အကွာအဝေးအားလုံး အတူတူပင်ရှိကြသည်။
နှစ်ရှည်ခံသစ်သီးဝလံပင်များကို အပင်အမျိုးအစားကိုလိုက်ကာ စိုက်ကျင်းတူးကြသည်။ အ
ကြမ်းအားဖြင့် စိုက်ကျင်းကို(၃’x၃’x၃’)တူးစိုက်ကြသည်။အပင်အကွာအဝေးကိုကား အပင်အမျိုးအစား
ကိုလိုက်ပြီး သတ်မှတ်ရပါမည်။ ဥပမာ သြဇာပင်ကို (၈’)ခွာ စိုက်ပါသည်။ မာလကာပင်ကို(၁၀’)ခွာစိုက်
ကြသည်။ နှစ်ရှည်ခံ သစ်သီးဝလံများဖြစ်သော မာလကာ၊ရှောက်၊သံပုရာ၊သြဇာ၊လိမ္မော်၊သရက်၊ဒူးရင်း၊
ပိန္နဲ၊မင်းဂွတ်၊သစ်ကြားသီး၊သလဲ၊ပန်းသီး၊သစ်တော်၊မက်မန်း၊ဆီး(ဇီး)၊ကြက်မောက်၊ထောပတ်သီး၊အုန်း
အစရှိသည်တို့ကို တြိဂံစိုက်စနစ်ဖြင့် စိုက်သင့်ပါကြောင်း…..။
No comments:
Post a Comment