ခွေးနှစ်ကောင်
♣ ရှေ့အိမ်ကခွေးလေး
အမွေးစုတ်ဖွား
ငါ့အားမြင်လျှင်
မခင်ချင်ဟန်
ဟောင်သံလေးပေး
မန်ဖီသေးတယ် ။
♣ ခွေးချစ်ချင်တဲ့ငါ
ကြံသကာရှာဝယ်
ကျွေးတယ်ခဏ
အမြီးလှုပ်ပြတာ
ပီတိငါ့မှာဖြစ်ရတယ် ။
♣ နောက်တစ်နေ့မှာ
လက်ဗလာနဲ့ သူရှေ့ရောက်
သောက်ဂရုမစိုက်
ဟောင်လိုက်တာများ
စားထားတဲ့ ငါ့ကြံသကာ
သူမို့အားမနာ ။
(နဂါးနိုင်)
No comments:
Post a Comment