ပြုံးလိုက်ပါလား
♥ ကြယ်စုံတဲ့ည
ဘယ်လောက်လှလှ
လမင်းသာတဲ့ညကိုမမှီ ။
♥ ဖဲကြိုးဝါနီစည်းနှောင်ထုံး
ပိတုန်းရောင်ကျော့ကေသာမှာ
တပွင့်ပန်းသာပန်လိုက်ရင်
ယဉ်သထက်ယဉ်သကို ။
♥ ရွှေသမင်မျက်လုံး
မျက်ခုံးဇင်ယော်တောင်
သွားနော်ကမာပုလဲနှယ်
သနပ်ခါးရည်ကျဲနဲ့
လှပြီးတဲ့မျက်နှာမှာ
ပိုလှစရာတခုလိုနေတယ် ။
♥ ချ စ်ရသူရေ
လဆိုတာ ညကို
ပိုလှစေသလို
ပန်းဆိုတာကေသာထက်
ဂုဏ်တက်စေသလို
မျက်နှာချို ပြုံးတာလေးက
ပြည့်စုံတဲ့အလှပေါ့ ။
♥ ဒီတော့ကာ
ချစ်သူပြုံးသောအခါ
ကိုယ့်နှလုံးသာယာ
အားရပါးရပြုံးစမ်းပါ ။
(နဂါးနိုင်)
No comments:
Post a Comment