ဒီကနေ့
♣ အိုင်ရှည် အိုင်ရှည်
အိုင်သာရှည်
ရေမရှိ ။
♣ ခုတ်စရာဝါးမရှိ
လုပ်စရာတောင်ယာမရှိ
ယာမရှိစပါးမလာ
၀ါးမရှိငွေမလာ ။
♣ “လား” ချိုး တနွေစာ
မိုးခါအငတ်နေမလား ။
♣ ဆန်ရေးခက်တဲ့ကြားမှာ
သောက်သုံးစရာရေမရှိ
ခက်လှဘိကွယ် ။
♣ ဒီကနေ့
ပိုက်ထိပ်ကရေတွေ့ပြီ
စိမ့်စမ်းရေသည်အေးတကား ။
(နဂါးနိုင်)
22.1.2015, 1:28 PM
“အိုင်ရှည်” = ကရင်ရွာ
ကလေး၏အမည်။
“လား” = တံမြက်စည်းပင်။
No comments:
Post a Comment