Friday, January 1, 2016

ထမနဲထိုးပြိုင်ပွဲ ၀င်နွဲကြစို့


     ခါးတောင်းမြှောင်အောင်ကျို က်၊ချွေးတဖြိုက်ဖြိုက်နဲ့ အားစိုက်ထိုးရတဲ့ ထမနဲထိုးပြိုင်ပွဲတွေကို တွေ့
ဖူးကောင်းတွေ့ဖူးကြပါလိမ့်မယ်။ ထမနဲအကျေအညက်၊အနံ့အရသာ၊ကြာချိန်တို့တွေပေါ်မှာ အကဲဖြတ်
သုံးသပ်ပြီး ဆုပေးကြရတာပါ။ ကဲ ညီလေးတို့ကထမနဲထိုး၊ ညီမလေးတို့က ဘေးကနေလက်ခုပ်လက်
ဝါးတီးအားပေးကြမယ့် ထမနဲထိုးပြိုင်ပွဲဝင်ကြတော့မယ်ဆိုရင် ထမနဲ(၁)ဒယ်အတွက် ဒီပစ္စည်းတွေ လို
တယ်နော်။
       ကောက်ညှင်းဆန်၁-စိတ်၊ ဆီ ၁-ပိသာ၊ အုန်းသီးဆံ အသင့်အတင့်၊ မြေပဲဆံ ၁-ခွက်၊ နှမ်း ၁-ခွက်၊
ဆား ၁၀-ကျပ်သား၊ ဂျင်း ၃၀-ကျပ်သား၊ ငရုပ်ကောင်း(ထည့်ချင်ရင်) နဲနဲတို့ လိုပါတယ်။ ကောက်ညှင်း
ဆန်ကို ရေအသေအချာဆေး၊ မိုးဗြဲဒယ်မှာထည့် ကောက်ညှင်းဆန်ရဲ့အထက် လက်(၂)သစ်ခန့်ရေ
ထည့်၊ဒါကိုဆန်လုံးကွဲပြီးဆီဝင်တဲ့အထိ ထိုးရမှာနော်။ ဒီနေရာမှာ ဘယ်အချိန်၊ဘယ်လိုအနေအထားမှာ၊
ဘာကိုထည့်လို့ ပြောချင်တာထက် ပြိုင်ပွဲဝင်မယ့်ညီငယ် ညီမငယ်တို့အတွက်သိပ်အားမစိုက်လိုက်ရဘဲ
ကောက်ညှင်း မြန်မြန်ကြေတဲ့နည်းကို ပေးချင်တာအဓိကပါ ။ ညီမငယ်တို့က အစပ်အဟပ်တော်တော့ ထမနဲအရသာကကောင်းမှာ သေချာပြီးသားဘဲလေ။ ဒါပေမယ့် သူများတွေက ထိုးပြီးလို့ ဖိုကချချိန်ထိ ကိုယ်က ဒီမှာ အသည်းအသန် နှဲနေရတုန်းဆိုရင်တော့ လိုချင်တဲ့ပထမဆုမရ ဘိတ်ချီးကျနေမှဖြင့်...။
ဒီတော့ ဥာဏ်ကူမှဖြစ်မယ်။
       ညီမလေးဒီအနားတိုးစမ်း တိုးတိုးလေးပြောပြမယ်။အခြားသူတွေကြားသွားလို့မဖြစ်ဘူး။ အရေးကြီး
တယ်။သေချာနားထောင်။ “ကျူ ရိုးတစ်ချောင်း သွားရှာပြီးချိုးခဲ့၊ ကောက်ညှင်းကိုနှဲချေချိန်မှာ နေရာအနှံ့
ကို အဲဒီကျူ ရိုးနဲ့လိုက်ထိုးစမ်း။ ကောက်ညှင်းကျေလွယ်တော့ ကိုယ့်အိုးမြန်မြန်ကျတာပေါ့။မြန်မြန်လုပ်။
ပြီးရင်ပါးစပ်လိုက်ဖွာမနေနဲ့အုံး၊ကိုယ့်ဆုကို သူများရသွားအုံးမယ်”
                                                                                   (နဂါးနိုင်)

No comments:

Post a Comment