Friday, January 1, 2016

ငါးသလောက်ရဲ့ တက်ကြောကို ထုတ်ရအောင်


        မီးဖိုချောင်ထဲကညီမငယ်ရေ ရှေးလူကြီးသူမတွေပြောခဲ့တဲ့ စကားတခုရှိတယ်ဗျ။
 “မယား ဆံတောက်၊ ငါး ငသလောက်”တဲ့။ ဟဲဟဲ မယားဆံတောက်အကြောင်းတော့သိဘူးဗျ။  ငါးသ
လောက်ကတော့ အရသာလေးလေးပင်ပင်နဲ့ကောင်းသလောက် စားပြီးရင်မျက်လုံးလေးမှေးစင်းသွား
တာဘဲ။ အဲ့ဒါကိုငါးသလောက်တက်တယ်လို့ ခေါ်တယ်လေ။ ညီမလေးကတော့ လူငယ်ဆိုတော့ဘယ်
လောက်တက်တက် ဇိမ်မပျက်ပေမယ့် တစ်အိမ်တည်းအတူနေကြတဲ့ ဖိုးဖိုး၊ ဖွားဖွား၊ ဖေဖေ၊ မေမေတို့
ကျ တော့ မစားရဲကြတာ များတယ်၊ တက်စာတွေ ရှောင်ကြတာများတယ်။ သွေးတက်မှာ ကြောက်လို့
သာမစားရဲကြတာနော်။ စားချင်စိတ်တွေကတော့ တဖွားဖွားဖိတ်ပေါ့ဗျာ။
      ဒီတော့ကာ သူတို့တွေကိုငါးသလောက်ဟင်း တက်ခြင်းကင်းကင်းနဲ့ ချက်ကျွေးချင်နေမလား ညီမ
ငယ်။နည်းလမ်းလေးတော့ရှိပါတယ်ကွာ။ ကဲ.... ငါးသလောက်ကိုခေါင်းဖြတ်လိုက်ရင်  ငါးသလောက်
ရဲ့ကျောပိုင်း ဘယ်ညာက သားရေနဲ့အသားကြားမှာ တက်ကြောဖြူဖြူခပ်ပြားပြားလေးကို တွေ့ရမယ်။
အဲ့ဒီ တက်ကြောကိုဖယ်ရှားပြီး ချက်။ တက်ဘို့မပြောနဲ့ သွေးတိုးသမားတွေတောင် စားလို့ရသွားပြီဗျ။
     တစ်ခုတော့ရှိတယ် ညီမလေးရဲ့။ အရသာလေးနဲနဲတော့ ပေါ့သွားမယ်နော် ဟုတ်ပြီလား......။
                                                                                                         (နဂါးနိုင်)

No comments:

Post a Comment