Wednesday, November 16, 2016

fb ​ပေါ်က နှစ်​သက်​မိရာ စာသား​လေး​တွေကို Text ဖိုင်​အ​နေနဲ့သိမ်းကြမလား

Fb ကမိမိနှစ်​သက်​ရာ စာသား​တွေကို သိမ်းနည်းမျိုးစုံနဲ့
သိမ်းတတ်​ကြပါတယ်​။ ကွန်​ပြူတာနဲ့သုံးတဲ့သူ​တွေ က​တော့
နည်းလမ်းပိုစုံပါတယ်​။ ခုနည်းက​တော့ ဖုန်းနဲ့သုံးမယ်​ fox
တို့ opreaတို့ အစရှိတဲ့ broswer တစ်​ခုခုမသုံးဘဲ fbရဲ့
apk သုံးသူ​တွေအတွက်​ ပိုအသုံးတည့်​ပါတယ်​။ Text နဲ့
ပါတ်​သက်​တဲ့ apk တစ်​မျိုးမျိုးလိုအပ်​မှာမို့ ​အောက်​မှာText
Editor apk ရယူနိုင်​ဖို့ Link တစ်​ခု​ပေးထားပါတယ်​။ အ
သုံးပြုပုံကို​တော့ ​အောက်​ကပုံ​တွေမှာကြည့်​နိုင်​ပါတယ်​။



Wednesday, August 3, 2016

အဟောင်းတလည်လည်

          ပြဿနာကကြီးကြီးမားမားမဟုတ်ပါဘူး။ အသေးအမွှားလေးပါဘဲ။ Window 7 sp1 မှာ Photoshop CS3 တင်ပြီးပြီးချင်းဖွင့်မရတဲ့ပြဿနာပါ။သေးသေးမွှားမွှားမကျော်လွှားနိုင် ရင်လဲ ကြီးကြီးမားမားတွေရလာဖို့မရှိ။အသစ်ဘယ်လောက်ကောင်းအဟောင်းတလည်လည် ဆိုတဲ့အတိုင်း CS6 တွေတင်သုံးကြည့် ပြန်ဖြုတ်ချ CS3 ပြန်တင်ပါဘဲ (ဘိုးတော်ဘုရားလက် ထဲ တိုက်ခိုက်ပြီးသိမ်းပိုက်ယူထားခဲ့တဲ့စက်မို့ Soft အမြင့်တွေကိုမနိုင်တာမပြောကြေး။လာ  မယ့် လလယ်ပိုင်းလောက်မှာ ကောက်ကြောင်းရဲ့  acer ASPIRE 4315 ရဲ့ (၁၀) နှစ်မြောက် မွေးနေ့ကိတ်လှီးမှာမို့ မိတ်ဆွေတို့ တက်ရောက်သုံးဆောင်ဖို့ ခင်မင်ခြင်း အာသီသများစွာဖြင့် ဖိတ်ကြားအပ်ပါတယ်)။
          ဒီပြဿနာကတခါတရံမှသာဖြစ်တာပါ။ ပုံမှာပြထားတဲ့အတိုင်းတစ်ကြိမ်ဖွင့်ပေးပြီးရင် နောင်ကို သာမန်ဖွင့်ရိုးစဉ်အတိုင်း ကလစ်ပြီးဖွင့်နိုင်ပါပြီ။ ကဲ…ကြည့်လိုက်ကြစို့။


Monday, August 1, 2016

Video Editing သမားများအတွက် Myanmar Fonts

Wander Share Video Editor ဟာ ဇော်ဂျီကိုမကြိုက်ချင်ဘူး။ တခါတရံမှာ ရစ်တယ်။ ရန်ရှာတယ်။
ဒါကြောင့် သူနဲ့သာမက ဘယ် Video Editing မှလဲမငြင်းပယ်။ မြန်မာမှု Logo အများကြီးပါတဲ့ Font
အုပ်စုတစ်ခုကိုတင်ပေးလိုက်ပါတယ်။ စာလုံးပုံစံတွေနဲ့ လက်ကွက်ပါတဲ့ Pdf ဖိုင်တစ်ခုပါတော့ ပိုပြီးအ
ဆင်ပြေပါတယ်။(ဗီဒီယိုချစ်သူ မိတ်ဆွေသစ်တစ်ယောက်အတွက်ရည်ရွယ်ပါတယ်)


ကက်ဆက်ခွေကအသံတွေကို MP3 အဖြစ်ထုတ်မယ်

          ကက်ဆက်ခွေဆိုမှတော့ ကက်ဆက်တစ်လုံးလိုအပ်မှာပေါ့။ ကောက်ကြောင်း ဆီမှာ ဖွင့်လို့ရတဲ့ ကက်ဆက်မရှိတော့သလို ရှိနေတဲ့ကက်ဆက်ခွေတွေကလည်း မှိုနှုတ်ရောင်းရမ  လောက်ကိုဖြစ်နေတော့ ကက်ဆက်တစ်လုံးရဲ့နေရာမှာ ဖုန်တစ်လုံးနဲ့သရုပ်ပြထားပါတယ်လို့  ဦးစွာပထမ ၀န်ခံပါရစေ။ Software အနေနဲ့ Adobe Audition CS5.5 ကိုသုံးပါမယ်။ Adobe မှန်သမျှ Pro ဆန်တဲ့အတွက် ဖိုင်ဆိုဒ်နဲနဲကြီးပါတယ်။ 127 MB ရှိပါတယ်။ သုံးရလည်းနဲနဲပါး ပါးခက်သယောင်ရှိပါတယ်။ သို့သော်လည်း ကောင်းကောင်းလိုချင်များများပေး ရမယ်လေ။
          ကက်ဆက်တွေဟာ VCDစက်တွေTV စင်ပေါ်ရောက်ကတည်းက စင်အောက်မှာစံရ ရှာတဲ့ အသံထုတ်စက်ပါ။ နောက်ပိုင်း MP3 Player လူငယ်တွေအိပ်ကပ်ထဲရောက်လာတော့ စင်အောက်ကနေ ကုလားလက်တွန်းထဲပါသွားခဲ့ကြပါပြီ။အချို့ပုဂ္ဂိုလ်တွေကျတော့ CD MP3 စတဲ့စီမရောက်သေး ဘယ်သူမှလည်း မပြောင်းပေးတဲ့ သီချင်းတွေ၊တရားခွေတွေကို ဖွင့်ဖို့အ တွက် ကက်ဆက်လေးအမြတ်တနိုးသိမ်းထားတတ်ပါတယ်။ တစ်ချို့သော ဆရာတော်တွေ  ဟာ MP3 မတိုင်ခင် ကက်ဆက်ခေတ်ကအသံသွင်းခဲ့တဲ့တရားခွေတွေကို MP3 ပြောင်းလိုတဲ့ ဆန္ဒရှိနေတာကို ရိပ်မိသိရှိတဲ့အတွက် ဒီနည်းလမ်းကို ဒါနပြုရကြောင်းပါဘုရား။

Sunday, July 31, 2016

Laptop တစ်လုံးနဲ့ ခွေ(၃)ခွေကိုတစ်ပြိုင်ထဲ Nero 8 နဲ့ Burn ကြမယ်

Nero 8 ဟာ ဂျာမဏီဆော့ဝဲပါ။ Writer (၃)လုံးနဲ့တစ်ပြိုင်ထဲCopy,Burn နိုင်တယ်လို့အာမခံထားတဲ့အတိုင်း
ကျွန်တော်တို့လက်တွေ့လုပ်ခဲ့ကြဖူးပါပြီ။ လုပ်နည်းလေးသိဖို့သာလိုတာပါ။ Nero 8 အသုံးပြုပုံစာအုပ်တွေ
ရှိ ပါတယ်။ခုက (၂)ခွေ(၃)ခွေ Burn နည်းလေးဘဲရေးမှာပါ။ ပြောစရာတစ်ခုက အသုံးပြုတဲ့ Writerအမျိုးအစား
မတူချင်နေ အရည်အသွေးချင်းနီးစပ်ဖို့အရေးကြီးပါတယ်။ ဆိုလိုတာ Laptop ထဲက Writer ကဟောင်းလွန်း
နေပြီး USB နဲ့တွဲထားတာတွေကအသစ်စက်စက်ကြီးဖြစ်နေတယ်ဆိုရင်ကိုးရိုးကးယားတွေဖြစ်ပြီး အချိန်ကြာ
မူနဲ့ ကြုံနိုင်ပါတယ်။ ပြပေးထားတဲပုံတွေကို ကြည့်ပြီး တစ်ခွေတည်းလုပ်ကြည့်ချင်တဲ့ ကွန်ပျူတာစကိုင်သူတွေ
ပါ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။  အခက်အခဲရှိရင်လည်း  လာရောက်မေးမြန်းနိုင်ပါတယ်။ တတ်သမျှ
မှတ်သမျှအားလုံး ပေးဖို့အသင့်ပါ။ သို့သော် ကောက်ကြောင်း သည်ဆရာတစ်ဦးမဟုတ်ပါ။

Friday, July 29, 2016

DVD တရားခွေ၊သီချင်းခွေတွေကို Audio File ပြောင်းကြမယ်



                      တလောက Fb မှာ DVD သီချင်းခွေကနေ Audio CD ပြောင်းဖို့  အခက်အခဲရှိနေတာကို ဖတ်လိုက်ရပါတယ်။ ခုတင်ပြမှာကတော့ DVD ကနေ MP3 နဲ့ အခြားသောအသံဖိုင် စနစ်တွေကို ပြောင်းဖို့ Xilisoft DVD Audio Ripper နဲ့ သူ့ရဲ့အသုံးပြုပုံလေးပါ။ Audio fomat အကြောင်းတွေပြောရရင် ကျမ်းတစ်စောင်ဖြစ်လောက် တာမို့ ဗာရာဏသီ ပြည်မတည်တော့ပါဘူး။(အမှန်က ဘာမှမသိလို့လျောချတာ)
          ဒီတော့ကာ အသံထွက်ပစ္စည်းတိုင်းလက်ခံတဲ့ MP3 အဖြစ်ဘဲလွယ်လွယ်ကူကူလေး ပြောင်းကြရအောင်။ နောင်မှ MP3 File ကနေ Audio CD Bun ပုံကို တင်ပေးပါမယ်။ ခုတော့ DVD ကို MP3 ဖြစ်အောင် Ripper လေးနဲ့ Rip လိုက်ကြစို့။
(Xilisoft DVD Audio Ripper) နဲ့လုပ်ထားတဲ့ တရားခွေ MP3 တွေကို ဒီမှာ ကြည့်နိုင်ပါတယ်)...ကြော်ငြာဝင်တာ။

VCD ခွေကဇတ်ကားတွေ သီချင်းတွေကို H264 ပြောင်းပြီးဖုန်းထဲ ထည့်ကြည့်ကြမယ်



          ဒီတစ်ခါတော့ ဟိုအရင်ထဲကကြိုက်လို့ဆိုပြီးသိမ်းထားတဲ့ VCD ဇတ်ကားတွေ၊သီ  ချင်းခွေတွေကို  H264 ပြောင်းပြီး ဖုန်းထဲထည့်ကြည့်ကြမယ်ဆိုတော့ Converter တစ်မျိုး  လိုအပ်လာပါပြီ။ Software ဟိမ၀န္တာတောကြီးထဲမှာလည်း များလိုက်တဲ့ Converterအမျိုး အစားတွေ။ ၀ါဆိုပန်းခူးပွဲတုန်းက ဘီယာမူးနေတဲ့ တက်တူးမမတွေအတိုင်းဘဲ။ ပေါမှပေါ  ဗျို့။ ချောမှချောလို့တော့မပြောဘူးနော်။ Converter တွေလည်း ဒီလိုဘဲ။ ပေါမှပေါ။ ဒါပေ မယ့် အားလုံးမချောဘူးပေါ့ဗျာ။

Thursday, July 28, 2016

DVD ခွေထဲကဇတ်ကား ဖုန်းထဲကူးသွင်းကြည့်ရအောင်

          နိုင်ငံခြားဇတ်ကားတွေကြိုက်တဲ့ကောက်ကြောင်းတစ်ယောက် ဟိုတုန်းကအဖြူအမဲ TV လေးကို ဘက်ထရီအိုးကလေးနဲ့ဖွင့် 110V အောက်စက်ကလေးကို DC ဖောက် မှိုပေါက်  နေတဲ့ ဗီဒီယိုကြီုးခွေတွေနဲ့ဖွင့်ပြီး ဘက်ထရီဒေါင်းသွားလို့ 14” ဖန်သားပြင်ထဲ 6” ပတ်လည်  လောက်ဘဲကျန်တော့တဲ့ မြင်ကွင်းမှုန်မှုန်ထဲ ဇွဲကြီးကြီးနဲ့ ဇတ်ကားပြီးအောင် ကြည့်ခဲ့ရတာကို မှတ်မိနေသေးတော့တယ်။ နောက်တော့ ၀က်သားဟင်းလျော့စားပြီး စုဆောင်းရင်း 21” Flat လေးဝယ် ၊ကြက်သားဟင်းလျော့ချက်ရင်း VCD DVD တွေဝယ်ကြည့်လာနိုင်တယ်။ နောက် ငါးဟင်းလေးကိုပါစွန့်ရင်း Laptop လေးဝယ်

My computer ကပျောက်သွားတဲ့ “ပန်းနွယ်”ကလေးကိုရှာပုံတော်ဖွင့်မယ်

          စက်ဖွင့်လိုက်လို့ Drive လေးတွေပျောက်နေတာ ကြုံရင် သင်လည်းစိတ်ဆင်းရဲမှာပါ
ဘာလို့ပျောက်သွားလဲမေးရင် ကောက်ကြောင်းဖြေတတ်ဘူးဗျ။ ပြန်ဖော်တာကိုတော့ နဲနဲနဲ့ ကျည်းကျည်းကလေးသိတယ်။ ပျောက်ပုံတွေအများကြီးတော့မရှိပါဘူး။ဘယ်မှာမှ မပေါ်တာ နဲ့ My Computer မှာမပေါ်ပေမယ့် Computer Management မှာသွားပြနေပြီးဖွင့်မရတော့  တာတွေပါ။

Thursday, April 21, 2016

တောင်ကြားလမ်းထဲကအော်သံများ



       တောင်ကြားလမ်းထဲကအော်သံများ

♣   ကွင်းထဲက“ဘိ”မှာ
     ကြွက်မိတာများ
     ပြားနေတာဘဲ ။

♣   ဝါးကပ်ပေါ်မှာမြေခဲ
     အောက်မှာလဲမြေကြီး

အမှိုက်ထုပ်



       အမှိုက်ထုပ်

♣   အများနဲ့ဆိုင်
     အဖွဲ့ပိုင်အား
     “မောင်ပိုင်”လိုထား
     သုံးဆွဲသူအား… ။

♣   အများနဲ့ဆိုင်
     တိုင်ပင်နှီးနှော
     သဘောထားယူ

မဟာဂရုဏာသမားငါ



       မဟာဂရုဏာသမားငါ

♣   တိရိစ္ဆာန်တွေအား
     သနားခြင်းဂရုဏာ
     ကိုယ်ချင်းစာလျှက်
     အသက်သတ်ခြင်းမှာ
     ရှောင်တာကြာပေါ့ ။

♣   အိမ်မွေးကြောင်လေး
     ဂရုဏာထွေးကာ

ခေတ်သစ် တောင်ယာသူကြီး(သဂျီး)

  
    ခေတ်သစ် တောင်ယာသူကြီး(သဂျီး)

♣   ပေါက်ပြားတုံးတုံး
     ချွေးတလုံးလုံးနဲ့
     ကုန်းရုန်းခဲ့သည်တောင်ယာမှာ ။

♣   ဗူး ဖရုံ ငရုတ် သခွား
     မဖွံ့ထွားကြုံလှီ

Friday, April 15, 2016

LED မီးပြေးဆိုင်းဘုတ် လုပ်ကြရအောင်

             တရုတ်က ကဒ်အလိုက်အစားထိုးလဲလှယ်တဲ့ ပစ္စည်းတွေဝင်လာတဲ့ ၂၀၀၀ပြည့်နှစ်နောက်ပိုင်း
တွေကစပြီး အီလက်ထရောနစ်စက်ပြင်လောက တဖြေးဖြေးယိုင်ကျသွားခဲ့ရပါတယ်။  နည်းပညာတွေပိုပို
မြင့်လာတော့ အရင်က လက်မလောက်ရှိတဲ့ IC ခုတော့ နှမ်းစေ့လောက်ဘဲရှိတော့တာမို့ စက်ပြင်သမား
တွေ ဖြုတ်ပြင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒီလိုနဲ့ စက်ပြင်ဆိုင်တခါးတွေ ပိတ်ကုန်ကြရတာပေါ့။

Thursday, April 14, 2016

AK-47 အကြောင်း တစေ့တစောင်း

Photos:http://www.topworldfact.com

                AK 47 ဟာ ကမ္ဘာ့အကောင်းဆုံးသော ဆီမီးအော်တို ချေမှုန်းရေးရိုင်ဖယ်တွေထဲက
တစ်လက်ဖြစ်တယ်။ AK47 ရဲ့ဖန်တီးရှင်ဟာ ယခင်ဆိုဗီယက်ယူနီယံက  Mikhail  Kalashnikov
ဆိုသူပါ။ရုရှားစကားနဲ့ကလပ်နီကော့ဗ်AKလို့လူသိများပါတယ်။သူဟာဆိုဗီယက်တပ်မတော်ကပါ။

Wednesday, April 13, 2016

သင်္ကြန်အတွေး


          ဟိုနားက တူးပို့ တူးပို့ ၊ ဒီနားမှာ မမကိုယ်တိုင်ကနဲ့ ပျော်လိုက်ကြတဲ့အတာရေသဘင်။ “၀ူး…ဗြဲ…ဗြဲ” နဲ့ အိတ်ဇောဖွင့်မောင်းတဲ့ ဆိုင်ကယ်သံတွေအောက် နွေမ ပျောက်သွားပြန်ပေ့ါ။ ကောင်လေးတွေကမူး၊ ကောင်မလေးတွေကပြူး(ဘာပြူးသလဲတွေးကြည့်ကြတော်မူကုန်)နဲ့။ ပျော်သလားဟေ့ မောင်တို့ရေ (ပျော်တယ်ဟေ့)၂ ပေါ့ဗျာ။

ပိတောက်နဲ့ ဝေးသွားသူ


       ပိတောက်နဲ့ ဝေးသွားသူ

♣   အရင်နှစ်တွေခါ
     ပိတောက်ဝါကို
     မေ့ကေသာဆံထုံးမှာ
     ပန်ဆင်ပါစေ
     ရွယ်ကာလေ မောင်ခူး ။

♣   ပိတုန်းရောင်ကေသာမှာ

ဝေ လေ လေ



       ဝေ လေ လေ

♣   ဒို့လူလေးများဆိုသလေ
     ဝေလေလေ ဝေ လေ လေ
     နွေမှာ ပျော်တယ်
     မိုးမယ် ရွှင်မြူး
     ဆောင်းကူး မအား

Thursday, April 7, 2016

2020 အတွင်း အမြင့်ဆုံးအဆောက်အဦး(၁၀)ခု


(၁) Dubai, UAE.  2020 Nakheel Tower ဟာ အထပ်ပေါင်း(၂၀၀)ရှိပြီး (၄၅၉၃)ပေ မြင့်မှာ ဖြစ်ပါတယ်။

အမှိုက်ကောက်သူများ




       အမှိုက်ကောက်သူများ

♣   ကွင်းထဲမှာလည်းအမှိုက်
     ခြင်းထဲမှာလည်းအမှိုက် ။

♣   ခြင်းအမှိုက်မသွန်ရသေးခင်
     ကွင်းပြင်ထဲအမှိုက်ထပ်တိုး ။

အိမ်မြှောင်လေးများ


         အိမ်မြှောင်လေးများ

♣   အမွေဆိုတာ
     ထိုက်သူသာခံစား
     လောကနိယာမတရား…တဲ့ ။

♣   တရား တရားတဲ့
     တ နဲ့ ရား တောင်
     ကွဲပြားအောင်မသိသူတွေ

လက်ပေးသင်သူများ


       လက်ပေးသင်သူများ

♣   ထန်းလျှက်ခဲကျွေး
     အသာလွေးလိုက်တာဘဲ ။

♣   ကြံသကာကျွေး
     အသာလွေးလိုက်တာဘဲ ။

♣   လက်ပေးပါ ဆိုတော့ကာ

ခဲ(ဂဲ)မှန်ဖူးသူ


       ခဲ(ဂဲ)မှန်ဖူးသူ

♣   ကျွတ်ကျွတ်ကျက်ကျက်
     အသံထွက်ပြီး
     ဘေးဘက်ဝဲယာ
     ထက်အောက်ပါမကျန်
     မသင်္ကာဟန်နဲ့

မြစ်စောင့်နတ်ဘုရား၏ မိန်းမ

(တင့်ထွန်းဆွေ၏ နိုင်ငံရပ်ခြားပုံပြင်များ စာ-၂၆၇ မှဖြစ်ပါတယ်။ ဖတ်ကြည့်မှ အဓိပ္ပါယ်အတော်          ရှိတာကိုတွေ့ရပါတယ်)

ဟိုးရှေးရှေးတုန်းကပေါ့။
ေ၀၀န်ရှင်တော်မင်းကြီး “၀င်” ကာလတုန်းက တပ်မှူးတယောက်ရှိတယ်။ သူ့အမည်က “ဇီမင်ဗောင်” လို့ခေါ်တယ်။ ဇီမင်ဗောင် တပ်မှူးကြီးဖြစ်လာတဲ့အခါ ဒေသဆိုင်ရာ အကြီးအကဲတွေကို စုစည်းခေါ်ယူပြီး ပြည်သူတွေရဲ့အခြေအနေ ၊ပြည်သူတွေရဲ့ ခံစားမှုတွေကိုမေးမြန်းတယ်။ ဒေသဆိုင်ရာအကြီးအကဲတွေက ပကတိအခြေအနေတွေကိုတင်ပြကြတယ်။

Wednesday, April 6, 2016

အဖျက်ကောင်



            အဖျက်ကောင်

      ဝါးနှီးသံသုံး
တခြံလုံးကိုကာ
ပန်းမာလာတွေ
ခြံထဲမှာလုံခြုံစေ။

Tuesday, January 19, 2016

Super Unit Converter

အတိုင်းအတာအချဉ်အတွယ်တွေက ရှုပ်ကရှုပ်သနဲ့။ ဒီမှာက ဒီစံနစ်သုံး ဟိုနိုင်ငံကဟိုလိုရေးလာနဲ့ ခေါင်းရှုပ်
စရာ။ ဒီတော့ ဒီဟာလေးသုံးပြီး ဖြေရှင်းလိုက်တာ။ Super Unit Converter ပါ။ သူကတော့ပိုစုံတာ။


Easy Unit Converter

အတိုင်းအတာအချဉ်အတွယ်တွေက ရှုပ်ကရှုပ်သနဲ့။ ဒီမှာက ဒီစံနစ်သုံး ဟိုနိုင်ငံကဟိုလိုရေးလာနဲ့ ခေါင်းရှုပ်
စရာ။ ဒီတော့ ဒီဟာလေးသုံးပြီး ဖြေရှင်းလိုက်တာ။ Easy Unit Converter လေးပါ။ သုံးရလွယ်တယ်။


ချင်း(ဂျင်း)[Ginger]စိုက်နည်း

သဘာဝအခြေအနေ
              မြေမရွေးစိုက်နိုင်သည်။အတက်များကိုခွဲစိုက်သည်။ နေရောင်ကောင်းစွာရပြီး မြေဆီထက်
သန်ကာ အစိုဓါတ်ထိမ်းနိုင်သည့်နေရာကို နှစ်သက်သည်။ထွက်ရှိလာသောချင်းတက်များကို ဈေးကွက်
မပို့နိုင်သေးမီ အရိပ်အောက်တွင်သဲခင်းပြီး အပေါ်မှာဖြန့်ထားသိုလှောင်ပါ။  ခူဝါကောင်၊ရွက်လိပ်ပိုး၊ဇာ

နနွင်း(Turmeric)စိုက်နည်း


သဘာဝအခြေအနေ
              တောင်ပေါ်မြေပြန့်မရွေး စိုက်နိုင်သည်။ နနွင်းတက်ကို ရေနွးဖျောပြီး နေလှန်းအမှုန့်ပြုကာ
ရောင်းဝယ်ဖောက်ကားကြသည်။ ခူဝါကောင်၊ရွက်လိပ်ပိုး၊ဇာတောင်ကြမ်းပိုးနှင့်လှေးတို့ကျရောက်နိုင်ပါ
သည်။ ခေါင်း၊အတက်တို့ကို ခွဲထုတ်စိုက်ရသည်။

တရုတ်နံနံ(Celery)စိုက်နည်း


သဘာဝအခြေအနေ
              အေး၍မိုးအတင့်အသင့်ရနိုင်သောဒေသတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။မြေဆွေးကိုနှစ်
သက်ပြီး ရွှံ့စေးမြေတွင်မဖြစ်ထွန်းနိုင်ပါ။ အင်းဆက်အဖျက်ပိုးများ ကျရောက်နိုင်ပြီး ပင်နာကျမှိုရောဂါ၊
အမြစ်ပုပ်မှိုရောဂါ၊ ရွက်ဝါမှိုရောဂါတို့ ဖြစ်တတ်သည် ။  ဗိုရွန်ချို့တဲ့မှုကြောင့် ပင်စည်အက်ကြောင်းထင်

ပိန်းဥ(Yam)စိုက်နည်း

သဘာဝအခြေအနေ
              အမျိုးစားပေါင်း များစွာရှိသည် ။ ပိန်းရိုင်းပေါက်သော ဒေသတွင်စိုက်က မျိုးရောနိုင်သည်။
ပိန်ရိုင်းမျိုးတို့ကို အပြောင်ရှင်းရန်လိုသည်။ မြေဆီထက်သန်ပြီး ရေစီးဆင်းမှုကောင်းသောနေရာတွင် ပို
မိုဖြစ်ထွန်းသည်။ ဥခေါင်း(သို့)ဥကိုဖြတ်စိပ်ပြီးစိုက်ရသည်။ မြေကျက်ကိုနှစ်သက်သည်။(မြေကျက်လုပ်

ပန်းသီးပင်(Apple)စိုက်နည်း



သဘာဝအခြေအနေ
              အေးမြစွတ်စိုရာနေရာကိုနှစ်သက်ပြီး မြေမရွေးစိုက်နိုင်သည်။ အစေ့စိုက်လျှင် (၅)နှစ်သား
တွင်အသီးခူးနိုင်ပြီး ကိုင်းဆက်၊အဖူးမြုပ်လျှင်(၃-၄)နှစ်သားတွင် ခူးနိုင်သည်။ မမှည့်မီ သီးရင့်အနေအ
ထားတွင်ဆွတ်ခူးပြီး ဈေးကွက်တင်ပို့ကြသည်။ ပန်းသီးများရောင်းပန်းလှအရောင်တောက်စေရန် မသ

ဒူးရင်းပင်(Durian)စိုက်နည်း


သဘာဝအခြေအနေ
              ပူနွေးစွတ်စိုသောရာသီဥတုကိုနှစ်သက်သည်။ အီကွေတာနှင့်နီးပြီးမိုးမှန်သောသောဒေသ
တို့တွင် ပိုမိုဖြစ်ထွန်းသည်။ မြေဆီထက်သန်သည်ကိုနှစ်သက်ပြီး ရေ၀ပ်ဒဏ်မခံနိုင်ပါ။ အပင်ရင်းတွင်ဂ
၀ံတုံးကြီးများစီထားခြင်းဖြင့် အအေးဓါတ်ထိမ်းနိုင်သည့်အပြင် အသီးများ  အပင်၏အမြစ်ပေါ်တိုက်ရိုက်

ကြက်မောက်သီးပင်(Rambutan)စိုက်နည်း


သဘာဝအခြေအနေ
              ပူနွေးစွတ်စိုသောရာသီဥတုကိုနှစ်သက်သည်။ ရေ၀ပ်ခြင်းကိုမနှစ်သက်ပါ။(၆)နှစ်သားတွင်
ပန်းပြပြီး ဇွန်လပိုင်းတွင်အသီးလှိုင်သည်။အခွံကပ်မျိုးနှင့်အခွံကျွတ်မျိုးဟူ၍ရှိသည်။ရွက်စားပိုး၊ခူကောင်

မင်းဂွတ်ပင်(Mangosteen)စိုက်နည်း


သဘာဝအခြေအနေ
              ပူအိုက်စွတ်စိုသောရာသီဥတုကိုနှစ်သက်သည်။ နှစ်ပါတ်လုံးမိုးရွာသည့်ဒေသတွင် အလွန်
ဖြစ်ထွန်းသည်။ မြေပွပြီး သစ်ဆွေးဓါတ်ကဲသောမြေတွင်ပိုမိုဖြစ်ထွန်းသည်။ အပင်(၈-၉)နှစ်သားမှစပြီး
အသီးတင်သည်။ တစ်နှစ်(၂)သီးထွက်ပြီး (၃)နှစ်တစ်ကြိမ်အသီးလျော့တတ်သည်။ အသီးများမမှည့်မီ

သြဇာပင်(Sweet Sop)စိုက်နည်း


သဘာဝအခြေအနေ
              “မင်း…လူတွေအပေါ်သြဇာညောင်းချင်ရင် အိမ်ရဲ့(…..)အရပ်မှာ သြဇာပင်စိုက်ပါ” ယတြာ
ဆရာကဒီလို။ “သြဇာရှိချင်ရင် သြဇာကိုင်းလက်တစ်ဆစ်ဖြတ်ပြီးကိုယ်နဲ့မကွာဆောင်ထား”သူငယ်ချင်း
များကတစ်ဖုံ။ရူးလိုက်ကြတာ။ တော်ပြီ သြဇာပင်ဘဲစီးပွားဖြစ်အောင်စိုက်တော့မယ်။ စီးပွားဖြစ်မှ သြဇာ

ကညွတ်(Asparagus) စိုက်ပျိုးနည်း


              မြန်မာနိုင်ငံတွင် ကညွတ်ကိုကြော်ချက်စားသုံးမှု များပြားလာပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင်မူ
ကညွတ်စားသုံးမှုပုံစံ များပြားလှသည်။ မြန်မာတို့သိသော ထိုင်းအစားအစာဖြစ်သည့်“ကွတ်တီယိုပြုပ်”
ထဲ အစိမ်းအတိုင်းချိုးထည့်ကာ စားကြသည်။ မြန်မာတို့ မုန့်ဟင်းခါးထဲ ပဲတောင့်ရှည်ချိူးထည့်စားသလို
စားကြခြင်းဖြစ်သည်။ ကညွတ်သည် နှစ်ရှည်ခံပြီး (၁၀)နှစ်ကျော်ထိ ရိတ်သိမ်းနိုင်သေးသည်။

တြိဂံစိုက်စနစ်ဖြင့် သစ်သီးပင်များစိုက်ပျိုးခြင်း


              နှစ်ရှည်ခံ သစ်သီးဝလံပင်များစိုက်ပျိုးရန်အတွက် စိုက်ကွက်ဖော်ရာတွင် တြိဂံစိုက်စနစ်ကို
သုံးသင့်သည်။ သာမန်အတန်းကွက်ဖော်စနစ်ထက် ဧက၀င်အပင်အရေအတွက် ပိုမိုရနိုင်သောကြောင့်
တြိဂံစိုက်စနစ်ကို သုံးသင့်ခြင်းဖြစ်သည်။ တြိဂံစိုက်စနစ်တွင် စိုက်ပင်တို့၏ အကွာအဝေးအားလုံး တူညီ
ကြသည်။သာမန်အတန်းဖော်စနစ်ဖြင့်စိုက်သောအပင်တို့သည် တစ်တန်းချင်းအတွင်း အကွာအဝေးတူ

ကောက်ရိုးမှို(Straw Mushroom) စိုက်ပျိုးနည်း(အပြည့်အစုံ)


အခြေခံကုန်ကြမ်းများကိုပြင်ဆင်ခြင်း
              သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး၊ရိုးပြတ်များကိုစုဆောင်းရမည်။ အဟာရထောက်ပံ့
စာအဖြစ်အသုံးပြုရန် ဗေဒါ၊ငှက်ပျောရွက်၊ငှက်ပျောဖတ်၊ပိန်ရိုး တစ်မျိုးမျိုးကို နုတ်နုတ်စင်းပြီး အရိပ်ထဲ
တွင် လေသလပ်ခြောက်သွေ့စေရမည်။ ၄င်းအခြောက်ဖတ်(၂)ပြည်၊ နွားချေး(သို့)၀က်ချေး(သို့)ကြက်
ချေး အခြောက်မှုန့်(၁)ပြည်၊ ဖွဲနုမှုန့်(၃)ဗူးတို့ကို သမအောင်ရောမွှေထားမည်။(တစ်ဇလားအတွက်နှုန်း)

Tuesday, January 12, 2016

သရက်သီးအကြောင်း သိကောင်းစရာလေးတွေ


“အသီးမှာသရက်၊အသားမှာဝက်လို့” မြန်မာတို့ဆိုရိုးရှိတယ်။ အနောက်တိုင်းကလူတွေကတော့“အသီး
တို့ရဲ့ဘုရင်လို့တင်စားကြတယ်။ Mango ဆိုတာက တမီလူမျိုးတို့ရဲ့ Mangky, Mangay စတဲ့ စကားက
လာတာပါ။ အနောက်အိန္ဒယမှာ ကြီးစိုးခဲ့ကြတဲ့ ပေါ်တူကီတွေကတော့ Manga လို့ ခေါ်ခဲ့ကြတယ်။ သ
ရက်ပွင့်ဟာ အလွန်သေးငယ်ပြီး ပွင့်ချပ်အဖြူ(၅)ခုပါတယ်။ သီးကင်းထွက်ပြီးမှည့်ဖို့ဆိုရင် (၃)လကနေ

BAD COPY pro 4.10 (portable)နဲ့ CD/DVD အပျက်တွေကို ပြန်ဆယ်မယ်

အကြောင်းကြောင်းကြောင့် Data တွေပျက်သွားလို့ ကောင်းကောင်းမဖတ်နိုင်တော့တဲ့ CD/DVD ခွေတွေ
ကို ဒီဟာလေးနဲ့ ရသလောက်ပြန်ဆယ်နိုင်ပါတယ်။ ကဲ ဆယ်ကြည့်ရအောင်။


Binerus.Picture2Icon.2.50 (portable) နဲ့ ကိုယ်ပိုင် Icon လေးတွေလုပ်မယ်

Binerus.Picture2Icon.2.50 (portable) သုံးပြီး စိတ်ကူးကောင်းကောင်းလေးနဲ့ ကိုယ်ပိုင် Icon လုပ်နိုင်ပါ
တယ်။ Potable လေးမို့ Desktop ပေါ်မှာထားပြီး တိုက်ရိုက်သုံးနိုင်ပါတယ်။ သုံးကြည့်ရအောင်။


Sunday, January 10, 2016

ရုရှားလုပ် AK47 ရိုင်ဖယ်ကို ဒီလိုကြော်ငြာတာ (၁)


ဆိုင်ကယ်ကြီးတွေနဲ့ကောင်မလေးဓါတ်ပုံများ


အနိုင်-ငယ်ချစ်ဟောင်းနဲ့စောင်းအိုရှင်

ကက်ဆက်ခွေသီချင်းခေတ်က အနိုင်ရဲ့ နာမည်အတော်ကြီးခဲ့တဲ့ သီချင်းခွေပါ။


သီချင်းခေါင်းစဉ်တွေပေါ်မှာ ကလစ်ရင် နားထောင်လို့ရသလို Down လို့လည်းရတယ်။

စူပါရှဉ့်လေးတစ်ကောင်ရဲ့ ဓါတ်ပုံတွေ (၂)


လက်ပတ်နာရီ ဒီဇိုင်းလှလှလေးတွေ (၂)

ကိုကိုတို့ မမတို့အတွက်ရွေးချယ်စရာ လက်ပတ်နာရီ ဒီဇိုင်းလှလှလေးတွေ....။


ဗီယက်နမ်စစ်ပွဲမှ မှတ်တမ်းဓါတ်ပုံဟောင်းများ


ဗီယက်နမ်သူလေးရဲ့ အလှဓါတ်ပုံများ (၂)


ဗီယက်နမ်သူလေးရဲ့ အလှဓါတ်ပုံများ (၁)


ဗီယက်နမ်နိုင်ငံက လှပတဲ့ရှုခင်းပုံများ


GiliSoft Secure Disc Creator 5.0 သုံးပြီး DVD disc တွေကို Password ခံပြီးကူးမယ်

မိမိကူးထုတ်လိုက်တဲ့ DVD ခွေကို Password မသိတဲ့အခြားသူတွေကို ဖွင့်မရစေလိုသူများအတွက်..........။


Fotosizer (portable) နဲ့ ပုံတွေကို အရွယ်အစားပြင်မယ်

Web သမားတွေအတွက် တင်ဖို့ပုံတွေကို အရွယ်အစားပြင်ဖို့ရာ အသုံးဝင်ပါတယ်။ ဘယ်လောက်ဘဲ အရွယ်
လျော့ ချချ အရည်အသွေး မကျသွားတာကိုက ကျေနပ်စရာပါ။


Awesome Duplicate Photo Finder နဲ့ ပုံထပ်တွေဖျက်မယ်

ဓါတ်ပုံဝါသနာပါတော့ ဟိုကရှာ ဒီကဆွဲနဲ့။ ကြာလာတော့ စက်ထဲမှာ ထပ်နေတဲ့ပုံတွေ များသထက်များလာ
နေပြီ။ ဒီနေ့တော့ Awesome Duplicate Photo Finder လေးသုံးပြီး စစ်လိုက်ပါတော့မယ်။


Saturday, January 9, 2016

Media Player Classic နဲ့ ကာရာအိုကေသီချင်းတွေ ဆိုကြမယ်

တချို့သော ၀ါသနာရှင် PC သမားတွေဟာ sound box အစုံလိုက်ဝယ်ပြီး ကွန်ပျူတာနဲ့ကာရာအိုကေသီချင်း
တွေဆိုဖို့လုပ်ကြတယ်။  တချို့ဆို ၀ါသနာကြီးလွန်းတော့ တန်ဖိုးကြီးကြီး စက်တွေတောင် ၀ယ်သုံးကြတာကို
တွေ့ရတယ်။ သူတို့မိန်းမတွေကလည်း ငါ့ယောက်ျး KTV မသွားရင်ပြီးရောဆိုပြီး ပိုက်ဆံ ထုတ်ပေးလိုက်ကြ
တာပဲ။ ကဲ...စက်တွေအားလုံးဆင်ပြီးပြီ၊ ဆိုမယ်လို့ကြံကာမှ အဆိုတော်ရဲ့အသံ ဖျောက်မရပြန်။ ဒါနဲ့  Player
မျိုးစုံလိုက်စမ်းတော့ ဖျောက်ရပါပြီ။ ဒါပေမယ့် တီးလုံးသံကမညက်ပြန်ဘူး။ ကဲကဲ ဒါနဲ့သုံးလိုက် အာမခံတယ်။


Media Player Classic နဲ့ DVD ရုပ်ရှင်ကားတွေ ကြည့်မယ်

စက်သမားတွေအများစုဟာ DVD ခွေ ရုပ်ရှင်ကားတွေကို  CyberLink PowerDVD နဲ့ ကြည့်ကြတာ များပါ
တယ်။ CyberLink တွေဟာ ဖိုင်ဆိုက်အတန်သင့်ကြီးပါတယ်။ DVD အထူးပြုမို့ အရည်အသွေကောင်းကြပါ
တယ်။ အခု Media Player Classic ဟာလည်း အတော်ကောင်းပါတယ်။ ၀ါသနာပါရင် ကာရာအိုကေပါ ဆို
လို့ရတယ်(အသုံးပြုနည်း ရေးပါဦးမည်)။ အခုတော့ DVD ရုပ်ရှင်ခွေလေးဘဲ ကြည့်လိုက်ကြစို့။


Image Burner 2.5.8.0 နဲ့ Image file တွေလုပ်မယ်၊ DVD disc တွေ Burn မယ်

Virtual CloneDrive သုံးသမားတွေအတွက် Image file တွေလုပ်ဖို့ သူလေးက သိပ်ကိုသင့်တော်ပါတယ်။
DVD disc တွေကိုလည်း လိုသလိုကူးနိုင် လုပ်နိုင်တယ်။ သူလေးကို စက်ပေါ်တင်ပြီး DVD ရုက်ရှင်ခွေတစ်
ချပ်ကို Image file လုပ်ကြည့်ပါမယ်။ ကဲ စလိုက်ကြရအောင်.....