အိမ်မြှောင်လေးများ
♣ အမွေဆိုတာ
ထိုက်သူသာခံစား
လောကနိယာမတရား…တဲ့ ။
♣ တရား တရားတဲ့
တ နဲ့ ရား တောင်
ကွဲပြားအောင်မသိသူတွေ
အမွေလိုချင်ကြရင် ။
♣ ထိုက်မထိုက်မသိချင်
ရရင်ပြီးရောဟစ်
အချစ်နဲ့စစ်မှာ
မတရားတာမရှိ…ဆိုဘဲ ။
♣ အမွေဆိုင်အိမ်ကြီးမှာ
မှီတင်းကာခိုနေကြရှာတယ်
မျက်နှာငယ်အိမ်မြှောင်လေးတွေ
အသံပေးနေလေရဲ့
ကျွတ် ကျွတ် ကျွတ်…တဲ့ ။
♣ အင်း…
အမွေလုသူတို့အတွက်
ဂရုဏာသက်လို့
ကျွတ်သံထွက်သလား ။
♣ အင်း…
လောဘသားဒေါသသမားတွေကြား
အနေကြပ်တည်းလို့များ
ကျွတ် ကျွတ် သလား
စဉ်းစားမထွက်ပြီ ။
(နဂါးနိုင်)
No comments:
Post a Comment