အမှိုက်ကောက်သူများ
♣ ကွင်းထဲမှာလည်းအမှိုက်
ခြင်းထဲမှာလည်းအမှိုက် ။
♣ ခြင်းအမှိုက်မသွန်ရသေးခင်
ကွင်းပြင်ထဲအမှိုက်ထပ်တိုး ။
♣ တိုးတိုးကောက်ကောက်
တိုးတိုးရှုပ်ရှုပ်
ဘယ်လိုလုပ်ရပါ့ ။
♣ အဖြေရှာရအောင်ဗျာ
ကောက်နေတာခဏရပ်
ကွင်းပတ်ပြီးအော်ပါ
ဒီမှာ အမှိုက်ရှင်းပေးနေတယ်ဗျိုး…လို့ ။
♣ အော်သံအဆုံး
လောက်စာလုံး ခဲ(ဂဲ)လုံး
ကွင်းလုံးအနှံ့
ကျကြဲပြန့်လာ
အာ့ အာ အား..
အမှိုက်အမျိုးအစားသစ်တိုး
မှတ်တမ်းပျိုးကြပါဗျို့ ။
(နဂါးနိုင်)
No comments:
Post a Comment