အမှိုက်ထုပ်
♣ အများနဲ့ဆိုင်
အဖွဲ့ပိုင်အား
“မောင်ပိုင်”လိုထား
သုံးဆွဲသူအား… ။
♣ အများနဲ့ဆိုင်
တိုင်ပင်နှီးနှော
သဘောထားယူ
မပြုမူဘဲ
စိတ်ထဲပေါ်ရာလုပ်သူအား… ။
♣ အထက်ဖားအောက်ဖိ
ဆရာတပည့်(ပြည့်)မွေး
“အခွင့်ရေးသမား”
ထိုသူအား… ။
♣ အရည်ချင်းလည်းမဲ့
ကံဟဲ့ဇတ်ဆရာ
မျက်နှာသာခဏပေး
ရွှေရေးပန်းကန်တက်ရတုန်း
“နောက်လိုက်ဖြုန်းသူ”အား… ။
♣ အမှိုက်များတဲ့အခန်း
ဗရမ်းဗတာရှုပ်ပွသလို
အဖွဲ့ထိုထိုထဲမှာ
အထက်ပါလူအား
နေရာထားလျှင်
သံဃာစင်ပါမှောက်လိမ့်မဗျား… ။
(နဂါးနိုင်)
No comments:
Post a Comment